ဧရာဝတီတိုင်းဒေသကြီး မြန်အောင်မြို့နယ် အင်ပင်နယ်မြေရဲစခန်းသို့ မတ်လ ၁၃ ရက်နေ့ ယနေ့  နေ့ လည် ၁၂ နာရီ ၄၅ မိနစ် အချိန်ခန့် တွင် အင်္ဂပူမြို့နယ် ဘုရားငုတ္တိုကျေးရွာနေ မခင်ဌေးဦးမှ လွန်ခဲ့သော (၃)လခန့်က ရန်ငြိုးရန်စမရှိဘဲ ထန်းရည်အတူသောက်ရင်း စကားများရန်ဖြစ်ရာကနေ ထန်းလှီးဓားဖြင့် ခုတ်သတ်၍ မြေကျင်းတူ မြှပ် အလောင်းဖျောက် လူသတ်မှုတစ်ခုကို လာရောက် တိုင်တန်းကြောင်း သိရပါသည်။
ဖြစ်စဉ်မှာ ၁၃-၃-၂၀၁၇ ရက်နေ့ ၁၂း၄၅ အချိန်တွင် ဧရာဝတီတိုင်းဒေသကြီး မြန်အောင်မြို့နယ် အင်ပင်နယ်မြေရဲစခန်း စခန်းမှူးရဲအုပ်ဇော်ထွန်းသည် ရဲစခန်းတွင် တာဝန်ထမ်းဆောင်နေစဉ် အင်္ဂပူမြို့နယ် ဘုရားငုတ္တိုကျေးရွာနေ မခင်ဌေးဉီး၊ အသက်(၃၃)နှစ် (ဘ)ဉီးခင်ရွှေ မှ ရဲစခန်းရောက်ရှိလာပြီး (ယခင်၎င်းနှင့် လင်မယား ပေါင်းသင်းနေသည့် ယခုကွဲနေသော) သိန်းကျော်၊ အသက်(၃၁)နှစ်၊ (ဘ)ဉီးကြည်မောင် သပြေကွင်းကျေးရွာနေသူသည် လွန်ခဲ့သော (၃)လကျော်ခန့်က မြန်အောင်မြို့နယ် ကညင်ငူကျေးရွာအုပ်စုပိုင်၊ ဗလန်းစိန်ကျေးရွာနေ ဉီးဝင်းတင်ပိုင်ဆိုင်သော ထန်းတောမြေအတွင်း တဲဆောက်လုပ် နေထိုင်ပေါင်းသင်းစဉ် ထိုနေ့ညနေ(၃)နာရီကျော်ခန့်က ထန်းရည်သောက်ရန် ၎င်းတဲသို့လာရောက်သူ မြန်အောင်မြို့နယ် ဝက်တိုးအုပ်စု မုဆိုးကွင်းရွာနေ ပေါက်ခေါ(ခ)ဝင်းအောင်၊အသက်(၄၇)နှစ်၊(ဘ)ဉီးရွှေ(ခ)ဉီးကြာအုံ နှင့် ထန်းရည်အတူသောက်ရင်း ရန်ငြိုးရန်စမရှိဘဲ စကားများရန်ဖြစ်ရာမှ ပေါက်ခေါ(ခ)ဝင်းအောင်အား ထန်းလှီးဓားဖြင့် ခုတ်သတ်ပြီး တဲဘေးရှိ ထန်းပင်နားတွင်မြေကျင်းတူး အလောင်းဖျောက် မြှပ်နှံထားကြောင်း လာရောက် တိုင်တန်းပြောကြားခဲ့ခြင်း ဖြစ်သည်။
အဆိုပါ တိုင်တန်းချက်အရ ပါက်ခေါ(ခ)ဝင်းအောင်အား ထန်းလှီးဓားဖြင့် ခုတ်သတ်၍ မြေကျင်းတူး အလောင်းဖျောက်ကျူးလွန်သူ သိန်းကျော်အား အင်ပင်နယ်မြေရဲစခန်းမှ (ပ)35/2017 ရာဇသတ်ကြီးပုဒ်မ 302/201 ဖြင့် အမှုဖွင့် စစ်ဆေး အရေးယူထားကြောင်း သိရှိရသည်။
ဇော်မျိုးအောင် နှင့် အဖွဲ့ (မြန်အောင်)
by သစ်ထူးလွင်
ထန်းလှီးဓားဖြင့် ခုတ်သတ်၍ မြေကျင်းတူ မြှပ် အလောင်းဖျောက်မှု ဇနီးဟောင်း တိုင်းတန်၍ ပေါ်ပေါက်
Reviewed by THITHTOOLWIN
on
20:45
Rating: