ပြီးခဲ့တဲ့ (၁၁.၃.၂၀၁၇ ) မတ်လ ၁၁ ရက်နေ့ ည ၁၀ နာရီ အချိန်ခန့် တွင် ဧရာဝတီတိုင်း ဒေသကြီး ဟင်္သာတမြို့နယ်၊ သာယာကုန်းကျေးရွာရှိ ချစ်သူလမ်းကြား၌ မောင်မြင့်မြတ်ပိုင်(၁၉)နှစ်၊ (ဘ)ဦးမျိုးမြတ်၊ သပြေပင်စင်းကျေးရွာ၊ တလိုင်းကွင်း ကျေးရွာ/အုပ်စု၊ ဟင်္သာတမြို့နယ်နေသူနှင့် မစိုပြေထက်(၁၈)နှစ်၊ (ဘ)ဦးအောင်ခင်ကြိုင်၊ ရွာသစ်ရပ်ကွက်၊ ကြံခင်းမြို့နေသူတို့နှစ်ဦးသည် ချစ်သူလမ်းကြားတွင် သူငယ်ချင်းများနှင့်အတူ ၀ိုင်းဖွဲ့စကားပြော၍ ည (၁၀)နာရီ အချိန်တွင် နေအိမ်သို့ပြန်လာကြစဉ် ဆိုင်ကယ်၊ ရွှေ၊ ငွေနှင့် ဖုန်းများ လုယက်ခံကြောင်း သိရှိရပါသည်။
အမည်မသိ အမျိုးသား(၃)ဦးနှင့် အမျိုးသမီး(၁)ဦးတို့မှာ ၄င်းတို့စီးနှင့်လာ သော ယာဉ်အမှတ် ယာယီ/၀၉၆၇ နံပါတ်တပ်ဆင်ထားသည် HONDA ခဲရောင် တန်ဘိုးငွေ-(၁၁၀၀၀၀၀ိ/)ခန့် နှင့် စိန်ဆွဲသီးပါ ရွှေနှင့်ရွှေဖြူနှစ်ပင်လိမ် ဆွဲကြိုး(၅)မူးသားခန့် တန်ဘိုးငွေ(၇၀၀၀၀၀ိ/)ခန့် ဆင်းကဒ်ပါ Huawei အမျိုးအစားခဲရောင် ဖုန်း(၁)လုံး တန်ဘိုးငွေ(၁၂၀၀၀၀ိ/)၊ ဆင်းကဒ်ပါ HONOR အမျိုးအစား အဖြူရောင်ဖုန်း(၁)လုံး၊ တန်ဘိုးငွေ(၁၂၀၀၀၀ိ/)၊ စုစုပေါင်းတန်ဘိုးငွေ(၂၀၄၀၀၀၀ိ/) အား လုယူသွားကြောင်း သိရှိခဲ့ခြင်း ဖြစ်ပါသည်။
အမည်မသိ အမျိုးသား(၃)ဦးနှင့် အမျိုးသမီး(၁)ဦးတို့အား မောင်မြင့်မြတ်ပိုင်မှ တရားလိုပြုလုပ် တိုင်တန်းသဖြင့် ဟင်္သာတမြို့မရဲစခန်း(ပ) ၉၆/၂၀၁၇၊ ရာဇသတ်ကြီးဥပဒေပုဒ်မ-၃၉၄ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိပါသည်။
၁၂.၃.၂၀၁၇ ရက်နေ့ ၀၁၅၅ အချိန်မှ ညောင်တုန်းမြို့နယ်၊ မဲဇလီရဲကင်းတံတားဂိတ်တွင် အမည်မသိ အမျိုးသား(၄)ဦးနှင့် အမျိုးသမီး(၂)ဦးတို့အား မသင်္ကာဖွယ်ရာတွေ့ရှိရ၍ စစ်ဆေးမေးမြန်းရာ ပြည့်ဖြိုးထိုက် (၂၈)နှစ်၊ (ဘ)ဦးထွန်းသန်း၊ အောင်ဓမ္မရိပ်သာလမ်း၊ ရေစက်ဝင်း၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ ဇော်ထက်နိုင်(၁၉)နှစ်၊ (ဘ)ဦးမင်းသိန်း၊ သိရိအောင်မြေ(၇)လမ်း၊ မြ၀တီရပ်ကွက်၊ ဟင်္သာတမြို့၊ ၀င်းကို (၂၇)နှစ်၊ (ဘ)ဦးအုန်းသန်း၊ စိန်ကလေးကျေးရွာ၊ ကြာအင်းကျေးရွာအုပ်စု၊ ဇလွန်မြို့နယ်၊ ကျော်ကိုလင်း (၂၂)နှစ်၊ (ဘ)ဦးကျော်ဦး၊ လက်ပံကျေးရွာ၊ ဟင်္သာတမြို့နယ်၊ မလွင်လွင်မိုး(၃၃)နှစ်၊ (ဘ)ဦးတင်ခိုင်၊ သီရိအောင်မြေ(၃)လမ်း၊ မြ၀တီရပ်ကွက်၊ ဟင်္သာတမြို့နေသူနှင့် မချစ်ချစ်ဇော် (၂၅)နှစ်၊ (ဘ)ဦးစိုးသိန်း၊ ပန်းခြံ(၂)လမ်း၊ ဟင်္သာတမြို့နေသူတို့ဖြစ်ကြောင်း သိရသည်။
၎င်းတို့နှင့်အတူ တွေ့ရှိရသည့် ဆိုင်ကယ်(၃)စီး၊ ရွှေဆွဲသီးပါ ဆွဲကြိုး(၁)ကုံးတို့အား ၄င်းတို့ပိုင်ဆိုင်ကြောင်း အထောက်အထားခိုင်လုံစွာ ပြောဆိုပြသနိုင်ခြင်း မရှိသဖြင့် ပြည့်ဖြိုးထိုက်နှင့် မလွင်ဖြိုးတို့(၂)ဦးအား မဲဇလီနယ်မြေရဲစခန်း(ပ) ၃၄/၂၀၁၇၊ ရာဇသတ်ကြီးဥပဒေ ပုဒ်မ-၃၈၀/ကျင့်-၅၄ဖြင့်လည်းကောင်း၊ ဇော်ထက်နိုင်နှင့် မချစ်ချစ်ဇော်တို့(၂)ဦးအား မဲဇလီနယ်မြေရဲစခန်း(ပ) ၃၅/၂၀၁၇၊ ရာဇသတ်ကြီးဥပဒေ ပုဒ်မ-၃၈၀/ကျင့်-၅၄ဖြင့်လည်းကောင်း၊ ၀င်းကိုနှင့်ကျော်ကိုလင်းတို့ (၂)ဦးအား မဲဇလီနယ်မြေရဲစခန်း(ပ) ၃၆/၂၀၁၇၊ ရာဇသတ်ကြီးဥပဒေ ပုဒ်မ-၃၈၀/ကျင့်-၅၄ဖြင့်လည်းကောင်း အသီးသီး အမှုရေးဖွင့် ဆောင်ရွက်ခဲ့ပါသည်။
ထို့သို့စစ်ဆေးဆောင်ရွက်ခဲ့ရာ (ပ)၃၄/၂၀၁၇၊ ရာဇသတ်ကြီးဥပဒေပုဒ်မ-၃၈၀/ကျင့်၅၄ အမှုမှ သက်သေခံပစ္စည်း ဆိုင်ကယ်တစ်စီးနှင့် စိန်ဆွဲသီးပါ ဆွဲကြိုး(၁)ကုံးတို့အား ဟင်္သာတမြို့နယ်အတွင်းမှ လုယူထွက်ပြေးခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ကြောင်း ဧရာဝတီတိုင်း ဒေသကြီး ရဲတပ်ဖွဲ့ ၏ သတင်းထုတ်ပြန်ချက် အရ သိရပါသည်။
by သစ်ထူးလွင်
ချစ်သူလမ်းကြား၌ ဆိုင်ကယ်၊ ရွှေ၊ ငွေနှင့် ဖုန်း လုယက်သူများကို ဖမ်းမိ
Reviewed by THITHTOOLWIN
on
15:02
Rating: