ထိုင်းနိုင်ငံအလယ်ပိုင်းမှာ ဗင်ကားနဲ့ ထရပ်ကားတိုက်မှုကြောင့် မြန်မာခရီးသည်(၂)ဦးသေဆုံး

ထိုင်းနိုင်ငံအလယ်ပိုင်းမှာ ဗင်ကားနဲ့ ထရပ်ကားတိုက်မှုကြောင့် လူ(၂)ဦးသေ၊ (၃)ဦးဒဏ်ရာရ
မတ်လ(၁၂)ရက်နေ့က ထိုင်းနိုင်ငံအလယ်ပိုင်းမှာ ယာဉ်တိုက်မှုတစ်ခု ဖြစ်ပွားခဲ့ကာ လူ(၂)ဦးထက်မနည်း သေဆုံးခဲ့ပြီး (၁၃)ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံ မီဒီယာရဲ့ ပြောကြားချက်အရ သိရပါတယ်။

ဒီမတော်တဆမှုဟာ ဒေသစံတော်ချိန် နံနက်(၅)နာရီအချိန်မှာ Kamphaengphet(ကမ်ဖရန်ဖက်)ပြည်နယ်အလယ်ပိုင်းမှာ မြန်မာခရီးသည်တွေကို တင်ဆောင်လာတဲ့ ဗင်ကားနဲ့ထရပ်ကားတို့ တိုက်မိခဲ့ကြတာဖြစ်တယ်လို့ Thairath(ထိုင်းရပ်သ်)သတင်းစာကဖော်ပြခဲ့ပါတယ်။


 အခင်းဖြစ်ပွားရာနေရာမှာတင် မြန်မာခရီးသည်(၂)ဦးသေဆုံးခဲ့ပြီး ဒဏ်ရာရရှိခဲ့တဲ့သူတွေကိုတော့ ဆေးရုံကိုပို့ဆောင်ပေးခဲ့ကာ ဒဏ်ရာရရှိတဲ့ သူတွေထဲမှ(၃)ဦးဟာ စိုးရိမ်ဖွယ် အခြေအနေရှိတယ်လို့သိရပါတယ်။

ဒီဖြစ်ရပ်မှာ ဗင်ကားမောင်းသမားဟာ အိပ်ငိုက်နေတာဖြစ်မယ်လို့ ရဲတွေက သံသယရှိခဲ့ပါတယ်။ ဒီမတော်တဆမှုနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေကြောင်း စင်ဟွာသတင်းမှာဖော်ပြထားပါတယ်။

Central News Bureau
https://www.facebook.com/skynetcnb/
ထိုင်းနိုင်ငံအလယ်ပိုင်းမှာ ဗင်ကားနဲ့ ထရပ်ကားတိုက်မှုကြောင့် မြန်မာခရီးသည်(၂)ဦးသေဆုံး ထိုင်းနိုင်ငံအလယ်ပိုင်းမှာ ဗင်ကားနဲ့ ထရပ်ကားတိုက်မှုကြောင့် မြန်မာခရီးသည်(၂)ဦးသေဆုံး Reviewed by THITHTOOLWIN on 16:10 Rating: 5
Powered by Blogger.