ဖရုံသီးသွားကောက်သော ကလေးများ မြစ်ထဲရေဆင်းချိုးရာမှ (၄)ဦး ရေနစ်သေဆုံး


မုံရွာ၊ မတ်​ ၁၃။

စစ်​ကိုင်းတိုင်း​ဒေသကြီး၊ ကလေးမြို့နယ် တင်သားကျေးရွာအုပ်စု ကြံသာရွာရှိ ကလေးငယ်(၅)ဦးသည် မတ်လ ၁၂ ရက်နေ့ ၊​နေ့လည်​ပိုင်းကရွာအ​ရှေ့ဖက် မြစ်သာမြစ်အနီးတွင် ဖရုံသီးကောက်သွားရင်း ရေဆင်းချိုးရာမှ (၄)ဦးရေနစ်သေဆုံးသွားခဲ့ကြောင်း ကလေးမြို့မရဲစခန်းမှ သတင်းရရှိသည်။


ဖရုံသီးကောက်ရန် သွားခဲ့ကြသည့် ၄င်းက​လေးငယ်​များသည်​ လေးတန်းကျောင်းသူ မအောင်လီလီထွန်း(၁၀နှစ်)၊ ခြောက်တန်းကျောင်းသူ မကြည်ကြည်ခိုင် (၁၂နှစ်)နှင့် မမေဝင်းစိမ်း ၊သူငယ်တန်းကျောင်းသား မောင်ချမ်းအေးတို့ဖြစ်ပြီး မြစ်ထဲ ရေဆင်းချိုးခဲ့ကြ​ကြောင်း သိရသည်။


ကျန်သောသုံးတန်းကျောင်းသူ မချိုချိုခိုင်မှာ တောထဲ အိမ်သာတက်ရန် သွားခဲ့ပြီး ပြန်လာချိန်တွင် မြစ်ထဲရေဆင်းချိုး​နေ​သော ၄င်း၏သူငယ်ချင်းများအား မတွေ့၍ ရွာသို့ပြန်ပြောခဲ့စဉ် ရွာသားများမှ လိုက်လံရှာဖွေခဲ့ကြ​ကြောင်း သိရသည်။


ပြန်လည် ရှာဖွေရာတွင် မိန်းကလေးသုံးဦး၏ အလောင်းကို နေ့ချင်းပြန်တွေ့ရသော်လည်း သူငယ်တန်းကျောင်းသား​လေး၏ အလောင်းကိုမူ ယ​နေ့မတ်​လ၁၃ရက်​ မနက်​ပိုင်းမှ ​တွေ့ခဲ့ရကြောင်း သိရသည်။

၎င်းဖြစ်စဉ်အား ရဲတပ်ဖွဲ့မှ စစ်ချက်ယူပြီး ရဲဆေးစာဖြင့် ကလေးမြို့ဆေးရုံသို့ ပို့ဆောင်ကာ သေမှုသေခင်းဖွင့်လှစ်၍ စစ်ဆေးနေကြောင်း သိရသည်။

ဟိန်းလင်းသန့်
Central News Myanmar
https://www.facebook.com/CNMyanmar/
ဖရုံသီးသွားကောက်သော ကလေးများ မြစ်ထဲရေဆင်းချိုးရာမှ (၄)ဦး ရေနစ်သေဆုံး  ဖရုံသီးသွားကောက်သော ကလေးများ မြစ်ထဲရေဆင်းချိုးရာမှ (၄)ဦး ရေနစ်သေဆုံး Reviewed by THITHTOOLWIN on 17:38 Rating: 5
Powered by Blogger.