ကျောက်မဲ မတ်လ ၁၃ ။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့ နယ်၊ခိုမုန်းကျေးရွာအုပ်စု တောင်နောက်ရွာသူကြီးဦးစိုင်းရွှေမြင့်၏နေအိမ်သို့ ယနေ့ မတ်လ ၁၃ ရက်ည ၈ နာရီခန့်ကအမည်မသိလူ ၃ ဦးမှ လက်လုပ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ကျောက်မဲမြို့မှရဲစခန်းမှတာဝန်ရှိသူတစ်ဦးက မတ်လ၁၃ ရက် ယနေ့ ည ၁၀ နာရီတွင် AHN သို့ပြောသည်။
ဖြစ်ပွားပုံမှာ ကျောက်မဲမြို့ ၉ ရပ်ကွက် တောင်နောက်ကျေးရွာသူကြီး ဦးစိုင်းအိုက်မြင့်၏နေအိမ်သို့ မတ်လ ၁၃ ရက်နေ့ ည ၈ နာရီအချိန်ခန့်က အမည်မသိ ဆိုင်ကယ် ၂ စီးဖြင့် လူ ၃ ဦးသည် မြို့တွင်းမှမြို့ပြင်ဘက်သို့မောင်းနှင်လာပြီး ဦးစိုင်းရွှေမြင့်၏နေအိမ်ရှေ့အရောက်တွင် လက်လုပ်ဗုံး ၂ လုံးဖြင့် ပစ်ခတ်သွားပြီးနောက် ၎င်းနေအိမ်နှင့် ၄ အိမ်မြောက် ဦးအောင်ကိုမြင့်၏နေအိမ်ရှေ့အရောက်တွင် လက်လုပ်ဗုံးဖြင့် ထမ်မံပစ်ခတ်ခဲ့ပြီးနောက် မိုင်းလုံလမ်းမဘက်အတိုင်း မောင်းနှင်ထွက်ခွာသွားခဲ့ကြောင်း ၄င်းကပြောသည်။
ထိုသို့ပစ်ခတ်တိုက်ခိုက်မှုကြောင့် လူ/ တိရိစ္ဆာန် တစ်စုံတစ်ရာထိခိုက်မှု မရှိဘဲ ဦးစိုင်းရွှေမြင့်၏နေအိမ်ရှေ့တံခါမကြီးတွင် ခဲသီးများဖေါက်ဝင်ပျက်ဆီးခဲ့ကြောင်း နေအိမ်ကွန်ကရစ်တွင် အချင်း ၂ လက်မခန့် ချိုင့်ခွက်ဖြစ်သွားခဲ့ပြီး နေအိမ်သံတံခါးမကြီးတွင်လည်း ခဲသီးများဖေါက်ဝင်ပျက်ဆီးခဲ့ပြီး နေအိမ်အတွင်းရှိ ရေခဲသေတ္တာတွင်လည်း ခဲသီးများထိမှန်ပျက်ဆီးခဲ့ကြောင်း ကျောက်မဲမြို့မရဲစခန်းမှတာဝန်ရှိသူတစ်ဦးကပြောသည် ။
အခင်းဖြစ်ပွားရာသို့ စကခ ( ၁ ) ဒုမှူးကြီး အောင်နိုင်ထူးဦးစီးသောအဖွဲ့ဝင်များ ခရိုင်ရဲတပ်ဖွဲ့ ဒုရဲမှူးကြီးခင်မောင်ညွန့်နှင့်ခရိုင်ရဲတပ်ဖွဲ့ဝင်များ မြို့နယ်အုပ်ချုပ်ရေးမှူးဦးရဲထွဋ်နိုင်ဦးစီးအဖွဲ့ဝင်များ မြို့နယ်မှူး ရဲမှူးဝင်းခိုင် မြို့မရဲစခန်းမှူးသိန်းလွင်ဦးစီးသောနယ်ထိန်းတပ်ဖွဲ့ဝင်များ တာဝန်ရှိသူများ လာရောက်ကြည့်ရှု စစ်ဆေးခဲ့ကြသည် ။
မင်္ဂလာထွန်း ( AHN- KME)
PHOTO -AHN
The Asia Heart News
ကျောက်မဲမြို့နယ်၊ တောင်နောက်ကျေးရွာသူကြီးအိမ် လက်လုပ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခံရ
Reviewed by THITHTOOLWIN
on
23:52
Rating: