တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ တစ်ခုမှ ရွာသား(၈၀)ကျော်ကို ခေါ်ဆောင်သွား


ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နမ္မတူမြို့နယ်၊ မိုင်းတပ်ကျေးရွာအုပ်စုမှ ဒေသခံ(၈၀)ကျော်ကို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က မတ်လ ၁၂ ရက်နေ့တွင် ခေါ်ဆောင်သွားကြောင်း နမ္မတူမြို့ TYO ရှမ်းလူငယ်အဖွဲ့မှ သိရသည်။

ထို့အပြင် အဆိုပါလက်နက်ကိုင်တပ်ဖွဲ့မှ မိုင်းတပ်ကျေးရွာအုပ်စုအတွင်း မတ် ၁၀ ရက်နေ့က ဝင်ရောက်ပစ်ခတ် ခဲ့ခြင်းကြောင့် ရွာသား ဦးဆန်စိုင်း(၅၄)နှစ်မှာ သေနတ်ထိမှန်သေဆုံးခဲ့ရသည့်အပြင် အိမ်များအတွင်းသို့ ဝင်ရောက်ရှာဖွေ၍ ရွှေထည်ပစ္စည်း တန်ဖိုးငွေကျပ်(၄၃)သိန်းဖိုးခန့်ယူဆောင် သွားခဲ့ကြောင်း သိရသည်။
“မိုင်းတပ်ရွာမှာ သေနတ်မှန်ပြီးရွာသားတစ်ဦးသေဆုံးနေတယ်ဆိုလို့ သွားပြီးတော့ခေါ်ခဲ့တယ်။ သွေးထွက်လွန် ပြီး ဆုံးသွားတာပါ။ ပြီးတော့ မနေ့က မတ်လ ၁၁ ရက်နေ့မှာ နမ္မတူမြို့ကိုခေါ်လာပြီးတော့ ညနေ(၃)နာရီမှာ မီးသင်္ဂြိုလ်ပေးခဲ့ပါတယ်။’’ဟု ဦးစိုင်းဟန်က ပြောသည်။

အဆိုပါသေဆုံးသူအား မိုင်းတပ်အုပ်ချုပ်ရေးမှူး၊ နမ္မတူမြို့မှ ရှမ်းလူငယ်အဖွဲ့နှင့် ဆီလိန်ခမ်းလူမှုအခြေပြုအဖွဲ့တို့ မှ သွားရောက်သယ်ဆောင်ခဲ့ပြီး နမ္မတူပြည်သူ့ဆေးရုံကြီးမှတဆင့် နမ္မတူသုသာန်၌ မီးသဂြိုလ်ပေးခဲ့ကြကြောင်း သိရသည်။

ရတနာပုံ သတင်းစာ
https://www.facebook.com/yadanabonnewspaper/
တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ တစ်ခုမှ ရွာသား(၈၀)ကျော်ကို ခေါ်ဆောင်သွား  တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ တစ်ခုမှ ရွာသား(၈၀)ကျော်ကို ခေါ်ဆောင်သွား Reviewed by THITHTOOLWIN on 21:58 Rating: 5
Powered by Blogger.