![]() |
ပြစ်မှုကျူးလွန်သူနှင့် သက်သေခံပစ္စည်း (ဆင်ဆာမဲ့(ညစ်ညမ်း) ဗွီဒီယိုခွေများ) |
၁၃.၂.၂၀၁၇ရက်နေ့၊ (၁၂၃၀)အချိန်တွင် ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်၊ သင်္ဃန်းကျွန်းကြီးကျေးရွာအုပ်စု၊ အမှတ်(၃)ကားလမ်းမဘေးရှိ CNG ဓါတ်ငွေ့ဆိုင်အနီးတွင် ကာမစိတ်ကြွဆေးများနှင့် ဆင်ဆာမဲ့(ညစ်ညမ်း)ဗွီဒီယိုခွေများ ဖမ်းဆီးရမိ ခဲ့ကြောင်း သိရပါသည်။
သတင်းအရ မင်္ဂလာဒုံမြို့မရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်ကျော်ဌေးဝင်းနှင့်အဖွဲ့သည် မင်္ဂလာဒုံမြို့နယ်၊ ကျန်းမာရေးဌာနမှ သက်သေများနှင့် အတူ သွားရောက် ဖမ်းဆီးရာ CNG ဓါတ်ငွေ့ဆိုင် အဝင်ပေါက်ဂိတ်အနီးမှာ ဦးမော်(အဘ)ဦးလှမောင်၊ မြောက်/ဒဂုံမြို့နယ်နေသူအား ပလတ်စတစ်ထိုင်ခုံပေါ်ထိုင်လျှက် ၄င်းရှေ့ရေခဲထည့်သည့်ဖော့ပုံးပေါ်တွင် ကာမစိတ်ကြွဆေးများနှင့် ဆင်ဆာမဲ့(ညစ်ညမ်း)ဗွီဒီယိုခွေများခင်းကျင်း ရောင်းချနေသည်ကို သက်သေများနှင့်အတူတွေ့ရှိရသဖြင့် ကာမစိတ်ကြွဆေးများနှင့် ဆင်ဆာမဲ့(ညစ်ညမ်း)ဗွီဒီယိုခွေများရောင်းချနေသူ ဦးမော် (အဘ) ဦးလှမောင်၊ မြောက်/ဒဂုံမြို့နယ်နေသူအား ဖမ်းဆီးအရေးယူခဲ့ကြောင်း မင်္ဂလာဒုံမြို့မရဲစခန်း ၏ သတင်းထုတ်ပြန်ချက် အရ သိရပါသည်။
သစ်ထူးလွင်
Valentine’s အကြိုနေ့ ကာမစိတ်ကြွဆေးများနှင့် ဆင်ဆာမဲ့ ညစ်ညမ်းဗွီဒီယိုခွေများ ဖမ်းဆီးရမိ
Reviewed by THITHTOOLWIN
on
19:14
Rating:
