ပေကျင်း ၊ ၁၇-၂-၂၀၁၇
တရုတ်နိုင်ငံသည် H7N9 ကြက်ငှက်တုပ်ကွေး ရောဂါပိုး ဆိုးဝါးစွာကူးစက် ပျံ့နှံ့မှု နှင့် ရင်ဆိုင်နေရကာ ပြီးခဲ့သည့် တစ်လအတွင်း မှာပင် ရောဂါပိုးကူးစက် ခံရမှုကြောင့် လူ ၇၉ ဦးသေဆုံးပြီး နိုင်ငံအတွင်းရှိ မြို့ကြီး အများစုတွင် ကြက်၊ ငှက် အရှင် ရောင်းချမှုကို တားမြစ်ခဲ့ရကြောင်း သိရသည်။
လူသားများထံသို့ အဆိုပါ ရောဂါပိုး ကူးစက်မှုသည် တရုတ်နိုင်ငံတွင် ၂ဝ၁၃ ခုနှစ်မှ စတင် ဖြစ်ပွားကာ ပြီးခဲ့သည့်နှစ် ဇန်နဝါရီလတွင် ရောဂါကူးစက် မှုကြောင့် သေဆုံးသူ ဦးရေမှာ ငါးဦးသာ ရှိကြောင်း အမျိုးသား ကျန်းမာရေးနှင့် မိသားစုစီမံကိန်း ရေးဆွဲရေး ကော်မရှင်က ဖေဖော်ဝါရီ ၁၅ ရက်တွင် ထုတ်ပြန်သည်။
ရောဂါပိုး ကူးစက်မှုကြောင့် လူအသေအပျောက် များပြားလာခြင်းနှင့် စပ်လျဉ်း၍ နိုင်ငံအတွင်း၌ စိုးရိမ်မှုများမြင့်တက် လျက်ရှိသော်လည်း ရောဂါပိုး ကူးစက်မှု အဆိုးဝါးဆုံး ကာလသည် ကျော်လွန်သွားပြီဟု ကျန်းမာရေး အာဏာပိုင်များက ယူဆလျက် ရှိသည်။
H7N9 ကြက်ငှက်တုပ်ကွေး ရောဂါပိုးကူးစက် ခံရသူများသည် အပြင်းအထန် နေထိုင်မကောင်း ဖြစ်လေ့ ရှိပြီး ရောဂါပိုးကူးစက် ခံရသူသုံးဦးအနက် တစ်ဦးနီးပါးမျှသာ အသက် အန္တရာယ်နှင့် ရင်ဆိုင်ရလေ့ ရှိကြောင်း သိရသည်။
ယခုအခါ ကြက်၊ ငှက်အရှင်များအား ထိတွေ့ကိုင်တွယ်ခြင်း မပြုရန် ပြည်သူများကို အာဏာပိုင်များက တိုက်တွန်းထားပြီး ပြည်သူများ အနေဖြင့် အေးခဲကြက်သား များကို ဝယ်ယူပါက ရောဂါပိုး ကူးစက်မှုကို ပိုမိုလွယ်ကူစွာ ထိန်းချုပ်နိုင်မည် ဖြစ်ကြောင်း ရောဂါထိန်းချုပ် ရေးနှင့် ကာကွယ်ရေး စင်တာမှ ထိပ်တန်းအရာရှိ နီတရှင် က ပြောသည်။
PyiChitThar
http://www.pyichitthar.com
တရုတ်နိုင်ငံတွင် H7N9 ကြက်ငှက်တုပ်ကွေး ရောဂါပိုး ဆိုးဝါးစွာကူးစက်ပျံ့နှံ့မှုနှင့် ရင်ဆိုင်နေရ
Reviewed by THITHTOOLWIN
on
15:56
Rating: