ရွှေကျင်သာသနာပိုင်ဆရာတော်ဘုရားကြီး၏ ရုပ်ကလပ်တော်အား အန္တိမဈာပနကျင်းပမည့်နေရာသို့ ဒေါင်းယာဉ်ပျံဖြင့် ပင့်ဆောင်မည်


မန္တလေးမြို့၊မဟာဝိသုဒ္ဓါရုံတိုက်သစ်၊စုဒ္ဒဿမရွေကျင်သာသနာပိုင် ဇယမေဒနီဝါဆို ဆရာတော်ဘုရားကြီးသည် ဖေဖေါ်ဝါရီ ၁၄ ရက်၊ နံနက် ၁ နာရီခွဲက ဘ၀နတ်ထံပျံလွန်တော်မူသဖြင့် ဆရာတော်ဘုရားကြီး၏ ရုပ်ကလပ် တော်ကို ဖေဖေါ်ဝါရီ ၁၈ ရက်နေ့တွင် အန္တိမဈာပနကျင်းပမည့် အောင်မြေသာစံမြို့နယ်၊ မြင်းပြိုင်ကွင်းသို့ ဒေါင်း ယာဉ်ပျံဖြင့် ပင့်ဆောင်မည်ဖြစ်ကြောင်း သိရသည်။

မဟာဝိသုဒ္ဓါရုံကျောင်းတိုက်တွင် ဖေဖေါ်ဝါရီ ၁၄ ရက်၊ မွန်းလွဲ ၂ နာရီက ဈာပနကျင်းပရေးအစည်းအဝေး ပြုလုပ်ရာ ဆရာတော်ကြီးများနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ တာဝန်ရှိသူများ၊ တပည့်ဒါယကာများတက် ရောက်ကြသည်။

"နောက်ဆုံးအန္တိမဈာပနပွဲမှာ ဆရာတော်ကြီးရဲ့ ဂုဏ်ကျေးဇူးတော်နဲ့လိုက်ဖက်အောင် ဆောင်ရွက်သင့်တယ်။ ကရ၀ိတ်ဖေါင်တော်နဲ့ ပင့်ဆောင်ကြပေမယ့် ဆရာတော်ကြီးအတွက် ထူးထူးခြားခြားဖြစ်အောင် ဒေါင်းယာဉ်ပျံနဲ့ ရုပ်ကလပ်တော်ကို ပင့်ဆောင်မယ်။ ခေတ်ကလည်း ဒေါင်းခေတ်ဆိုတော့ ဒီအတွက် တာဝန်ယူတယ်။"ဟု သီတဂူဆရာတော်ဘုရားကြီးက ယင်းအစည်းအဝေးတွင် မိန့်ကြားတော်မူသည်။


ဆရာတော်ဘုရားကြီး၏ ရုပ်ကလပ်တော်အား စံကျောင်းတော်တွင် ၅ ရက်တာ အပူဇော်ခံပြီး မြင်းပြိုင်ကွင်းသို့ သယ်ဆောင်ရာတွင် မြန်မာမှုအနုပညာများဖြင့် ခြယ်မှုံးကာ ပျံဝဲနေသည့် ဒေါင်းနှစ်ကောင်ဖြင့် အလှဆင်ထားသည့် ဆယ်ဘီးယာဉ် ပေါ်၌ "ထူပါ" စေတီတော်ပုံစံတူအတွင်း၌ ဆရာတော်ကြီး၏ ရုပ်ကလပ်တော်အားထားရှိ၍ မုခ်လေးခုမှ အစောင့် အရှောက်နတ်မင်းများ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

ခိုင်ဆက်ဝေ
News Watch
https://www.facebook.com/NewsWatchJournal/
ရွှေကျင်သာသနာပိုင်ဆရာတော်ဘုရားကြီး၏ ရုပ်ကလပ်တော်အား အန္တိမဈာပနကျင်းပမည့်နေရာသို့ ဒေါင်းယာဉ်ပျံဖြင့် ပင့်ဆောင်မည် ရွှေကျင်သာသနာပိုင်ဆရာတော်ဘုရားကြီး၏ ရုပ်ကလပ်တော်အား အန္တိမဈာပနကျင်းပမည့်နေရာသို့ ဒေါင်းယာဉ်ပျံဖြင့် ပင့်ဆောင်မည် Reviewed by THITHTOOLWIN on 18:41 Rating: 5
Powered by Blogger.