ဆူဖီ မွတ်ဆလင်တွေ အထွတ်အမြတ် ထားတဲ့ ဘုရားကျောင်း မှာ အသေခံ ဗုံးခွဲ တိုက်ခိုက်မှု ဖြစ်ပွား ခဲ့ပြီးနောက်မှာ ပါကစ္စတန် နိုင်ငံ တဝှမ်း စီးနင်း ရှာဖွေမှုတွေ လုပ်ခဲ့ပြီး စစ်သွေးကြွ တစ်ရာ ခန့် ကို အသေပစ်ခတ် ဖမ်းဆီး ရမိ ခဲ့ကြောင်း အာဏာပိုင်တွေက ပြောပါတယ်။
ဒါ့ အပြင် အာဖဂန်နစ္စတန် က နာမည်ကြီး စစ်သွေးကြွ ၆၆ ယောက်ကို လွှဲပြောင်းပေးဖို့ ကိုလည်း ပါကစ္စတန် တာဝန် ရှိသူတွေက တောင်းဆို ထားပါတယ်။
ပါကစ္စတန် နိုင်ငံ ဆင်းဒ် ပြည်နယ် က လယ်ရှာဘတ်ဇ် ကယ်လန်ဒါ ဘုရားကျောင်း ကို အသေခံ ဗုံးခွဲ ခဲ့မှုကြောင့် အနည်းဆုံး လူ ၈၀ သေဆုံးခဲ့ပါတယ်။ IS အဖွဲ့ ကတော့ အသေခံ ဗုံးခွဲ မှုကို သူတို့ လုပ်တာ လို့ ဝန်ခံ ထားပါတယ်။
အာဖဂန်နိုင်ငံ ထဲက IS အကြမ်းဖက် သမားတွေ ဝင်ရောက်လာပြီး ဗုံးခွဲ မှုတွေ ဆောင် ရွက် ခဲ့တာ ဖြစ်ကြောင်း ပါကစ္စတန် နိုင်ငံ တာဝန် ရှိသူ တွေက စွပ်စွဲ ပြောကြား နေတာပါ။
ပါကစ္စတန် နိုင်ငံ အတွင်းမှာလည်း လုံခြုံရေး တင်းကျပ်ထားပြီး အကြမ်းဖက် သမားတွေကို ဖမ်းဆီး ရမိဖို့ နေရာ အတော်များများ ကို အာဏာပိုင်တွေ က စီးနင်း ရှာဖွေ မှုတွေ ဆက်လက် ဆောင်ရွက် နေပါတယ်။
ဘီဘီစီမြန်မာပိုင်း
BBC Burmese
https://www.facebook.com/bbcburmese
ပါကစ္စတန် က စီးနင်း ဖမ်းဆီးမှုမှာ စစ်သွေးကြွ တစ်ရာ သေဆုံး
Reviewed by THITHTOOLWIN
on
08:08
Rating: