ပြည်ကြီးမဏ္ဍိုင် ဖေဖော်ဝါရီလ (၁၃) ရက်
တနသာင်္ရီတိုင်းဒေသကြီး ၊ ပြည်ကြီးမဏ္ဍိုင်မြို့ နှင့် (၁၅)မိုင်ခန့်ဝေးကွာသော မနိုးရုံးကျေးရွာအုပ်စု ၊ တောင်ငယ်ကျေးရွာ၌ ဖေဖော်ဝါရီလ (၁၃)ရက်နေ့ နံနက် (၀၁း၄၅) နာရီတွင် ဒေါ်ကြည်ဝင်း အသက်(၆၀) ၏ နေအိမ်မှ စတင်မီးလောင်မှုဖြစ်ပွားခဲ့သည်။
ဖြစ်စဉ်မှာ အိမ်ရှင်ဒေါ်ကြည်ဝင်း အသက်(၆၀) နှစ်၊ ၆/ဘပန(နိုင်) ၀၀၇၉၆၆ ခရီးသွားနေခိုက် သား ဖြစ်သူ ဦးမင်းမင်း အသက်(၃၅)နှစ် ၏ ခြင်ဆေးခွေ ပေါ့ဆမီးကြောင့် မီးလောင်မှု ဖြစ်ပွား ခဲ့သည်။ မီးလောင်မှု ကြောင့်  ဦးမင်းမင်းအသက်(၃၅)နှစ်မှာ အခင်းဖြစ်ပွားရာ နေရာ၌ သေဆုံးခဲ့ကြောင်းသိရှိရသည်။
အဆိုပါ မီးလောင်ရာသို့ ဒေသခံအာဏာပိုင်များ ၊ နယ်မြေ မီးသတ်စခန်းမှ လက်ထောက် မီးသတ်ဦးစီး နှင့်တပ်ဖွဲ့ဝင်(၂)ဦး နှင့်ဒေသခံပြည်သူ များဖြင့် ၀ိုင်းဝန်းပြီး နံနက် (၀၃း၂၀)နာရီခန့်တွင် မီးငြိမ်းသတ်နိုင်ခဲ့သည်။ ထိုမီးလောင်မှုကြောင့် ဒေါ်ကြည်ဝင်းနေအိမ်အပါအ၀င် ဓနိမိုး ၊ပျဉ်ခင်း ၊ပျဉ်ကာလူနေအိမ်(၄)လုံးနှင့် ဈေးဆိုင်ခန်း (၁)ခန်း ကာလတန်ဖိုး (၂၁)သိန်းခန့် ဆုံးရုံးခဲ့ကြောင်းသိရှိရသည် ။ မီးဘေးသင့်ပြည်သူများအား ကယ်ဆယ်ရေး လုပ်ငန်းများအား အမြန်ဆောင်ရွက်လျက်ရှိပြီး ဖြစ်စဉ်အား ပြည်ကြီးမဏ္ဍိုင်မြို့ နယ်မြေရဲစခန်းမှ ပုဒ်မှ ၂၈၅ အရ အမှုဖွင့် အရေး ယူထားကြောင်း သိရသည်။
Iprd Kawthoung
ပြည်ကြီးမဏ္ဍိုင်မြို့ မီးလောင်မှု လူတစ်ဦးသေဆုံး
Reviewed by THITHTOOLWIN
on
19:28
Rating:
