ရွှေကျင်သာသနာပိုင် ၀ါဆိုဆရာတော်ကြီး သက်တော် ၁၀၁ နှစ်တွင် ဘ၀နတ်ထံပျံလွန်တော်မူ

ဓာတ်ပုံ-အညတရ ဘိက္ခု ဖေ့စ်ဘုတ်၊ လှုပ်လှုပ်ရှားရှား မန္တလေးသတင်းများ Group
မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ မဟာဝိသုဒ္ဓာရုံ ကျောင်းတိုက်၊ ဇယမေဒနီဝါဆိုကျောင်း နာယကဆရာတော် နိုင်ငံတော်သြ၀ါဒါစရိယ စုဒ္ဒသမ ရွှေကျင်သာသနာပိုင် ၀ါဆိုဆရာတော်ကြီးသည် ဖေဖော်ဝါရီ ၁၄ ရက်နံနက် ပိုင်းက ဘ၀နတ်ထံ ပျံလွန်တော်မူကြောင်း သိရသည်။

ဆရာတော်ကြီးသည် ကျန်းမာရေးအတွက် မန္တလေး အထွေထွေရောဂါ ကု ဆေးရုံကြီး၊ အထူးကြပ်မတ် ကုသဆောင်တွင် ဆေးဝါးကုသမှု ခံယူလျက်ရှိပြီး ယခုကဲ့သို့ ပျံလွန်တော်မူခဲ့ခြင်းသည်။

ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာ သဒ္ဒဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တအဂ္ဃိယ မဟာထေရ် သည် သက်တော် ၁၀၀ နှစ်၊ သိက္ခာတော် ၈၁ ဝါ အရောက် မြန်မာသက္ကရာဇ် ၁၃၇၈ ခု၊ တပို့တွဲလပြည့်ကျော် ၃ ရက်၊ ခရစ်နှစ် ၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄ ရက်နေ့၊ နံနက် ၁ နာရီ ၃၀ မိနစ် အချိန်ခန့်က ဘဝနတ်ထံ ပျံလွန်တော်မူကြောင်း သိရသည်။

ဆရာတော် ပျံလွန်တော်မှုသည့်အတွက် ကြွင်းကျန် ရုပ်ကလာပ်အား ၅ ရက်တာ အပူဇော်ခံပြီး တပို့တွဲ လပြည့်ကျော် ၇ ရက် (ဖေဖော်ဝါရီလ ၁၈ ရက်)နေ့တွင် အောင်မြေသာစံမြို့နယ် ရွှေမန်းတောင် အားကစား ကွင်း၌ ဒေါင်းယာဉ်ပျံဖြင့် ပင့်ဆောင်သယ်ယူကာ အန္တိမဈာပနကို ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

The Ladies News
https://www.facebook.com/News.TheLadies/
ရွှေကျင်သာသနာပိုင် ၀ါဆိုဆရာတော်ကြီး သက်တော် ၁၀၁ နှစ်တွင် ဘ၀နတ်ထံပျံလွန်တော်မူ ရွှေကျင်သာသနာပိုင် ၀ါဆိုဆရာတော်ကြီး သက်တော် ၁၀၁ နှစ်တွင် ဘ၀နတ်ထံပျံလွန်တော်မူ Reviewed by THITHTOOLWIN on 18:01 Rating: 5
Powered by Blogger.