ကန်ကြီးထောင့်မြို့နယ်တွင် ကျောင်းသား ကျောင်းသူများ အစာအဆိပ်သင့်မှု ဖြစ်ပွား


ကန်ကြီးထောင့် ဖေဖော်ဝါရီ ၁၄

ဧရာဝတီတိုင်းဒေသကြီး ကန်ကြီးထောင့် မြို့နယ်၌ ဖေဖော်ဝါရီ ၁၃ ရက်က ကျောင်းသား ကျောင်းသူလေးများ ခေါက်ဆွဲကြော်စားရာမှ အစာအဆိပ် သင့်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ကန်ကြီးထောင့်မြို့နယ် ကွင်းယား အရှေ့ကျေးရွာအုပ်စုရှိ ကွင်းယားကြီး ပေါ်တော်မူ အခြေခံပညာမူလတန်း ကျောင်း အမှတ်(၅၆)နှင့် သရက်ချောင်း အခြေခံပညာ မူလတန်းကျောင်းတို့မှ ကျောင်းသား ကျောင်းသူလေးများကို ကွင်းယားအရှေ့ကျေးရွာနေ အလှူရှင် ဦးချစ်မွှေးက ဖေဖော်ဝါရီ ၁၃ ရက် နံနက် ၁၁ နာရီခန့်တွင် ကလေးများကို အာဟာရ အဖြစ် ခေါက်ဆွဲကြော်များ ကျွေးမွေး လှူဒါန်းခဲ့ကြောင်း သိရသည်။

ထိုသို့ ကျွေးမွေးပြီး မွန်းလွဲပိုင်းတွင် ခေါက်ဆွဲကြော်စားမိသော အမက(၅၆) ကွင်းယားပေါ်တော်မူမှ ကျောင်းသား ကျောင်းသူ ၅၂ ဦး၊ ပြင်ပမှ လေးဦး နှင့် အမက သရက်ချောင်းမှ ကျောင်းသား ကျောင်းသူ ၄၂ ဦး၊ ပြင်ပမှ ငါးဦး စုစုပေါင်း ကျောင်းသား ကျောင်းသူ ၉၄ ဦးနှင့် ပြင်ပ မှ ကိုးဦး စုစုပေါင်း ၁ဝ၃ ဦးတို့မှာ အစာ အဆိပ်သင့်ကာ မူးဝေအော့အန်မှုများ ဖြစ်ခဲ့ပြီး ကန်ကြီးထောင့်မြို့နယ် ပြည်သူ့ ဆေးရုံသို့ ညနေ ၄ နာရီခန့်တွင် တက် ရောက်၍ ဆေးကုသမှုများ ခံယူခဲ့ကြောင်း သိရသည်။ တက်ရောက်ကုသမှုများထဲမှ အမက ကွင်းယားပေါ်တော်မူKG တန်း ကျောင်းသူ မယွန်းနဒီ (ယခင် ကျောက် ကပ်ရောဂါ ခံစားဖူးသူ)ကို မြို့နယ်ဆရာ ဝန်ကြီး၏ ညွှန်ကြားချက်အရ ပုသိမ် ပြည်သူ့ဆေးရုံ ကြီးသို့ ည ၇ နာရီခွဲခန့်တွင် လူနာတင်ယာဉ်ဖြင့် ပို့ဆောင်ကုသခဲ့ (မစိုးရိမ်ရ)ကြောင်း သိရသည်။ ယခုအခါ ပုသိမ် ပြည်သူ့ဆေးရုံကြီးနှင့် မြို့နယ် ပြည်သူ့ဆေးရုံ၌ တက်ရောက်ကုသနေ သော ကျောင်းသား ကျောင်းသူများနှင့် ပြင်ပလူများမှာ ကျန်းမာရေး ပုံမှန် အတိုင်း ပြန်လည်ကောင်းမွန်လာပြီဖြစ်ပြီး အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့သည့် ခေါက်ဆွဲ ကြော်ကို ဓာတ်ခွဲခန်းတင်ရန် ပုသိမ် ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင် ကာ လိုအပ်သည်များကို တာဝန်ရှိသူများ က ဆက်လက်စစ်ဆေး ဆောင်ရွက်သွား မည်ဖြစ်ကြောင်း သိရသည်။

အစာအဆိပ်သင့်မှုဖြစ်ပွားခဲ့သော ကျောင်းသား ကျောင်းသူလေးများနှင့် ပြင်ပလူများအား တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်း ကုသရေးဦးစီးဌာနနှင့် တိုင်းပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ လက်ထောက် ညွှန်မှူးများ၊ မြို့နယ်ဆရာဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်ပညာရေးမှူးများ၊ ခရိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဝန်ထမ်း များFDA နှင့် စားသုံးသူရေးရာဦးစီးဌာန တို့မှ တိုင်းဦးစီးမှူးများ၊ မြို့နယ်ရဲတပ်ဖွဲ့မှ ရဲမှူး၊ ရဲအရာရှိများ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်ဦးစီးမှူးနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ပြန်/ဆက်ဦးစီးမှူးနှင့် ဝန်ထမ်း များ၊ လူမှုကူညီရေးအဖွဲ့များက လာ ရောက် ကြည့်ရှုစောင့်ရှောက်ခဲ့ပြီး လိုအပ် သည်များကို ကူညီဖြည့်ဆည်းဆောင်ရွက် ပေးခဲ့ကြကြောင်း သိရသည်။

(မြို့နယ် ပြန်/ဆက်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
ကန်ကြီးထောင့်မြို့နယ်တွင် ကျောင်းသား ကျောင်းသူများ အစာအဆိပ်သင့်မှု ဖြစ်ပွား ကန်ကြီးထောင့်မြို့နယ်တွင် ကျောင်းသား ကျောင်းသူများ အစာအဆိပ်သင့်မှု ဖြစ်ပွား Reviewed by THITHTOOLWIN on 09:13 Rating: 5
Powered by Blogger.