( ဓါတ်ပုံ - ထိုင်းနိုင်ငံ ဘန်ကောက်မြို့က မြန်မာသံရုံးကို တွေ့ရစဉ် ) |
အဲဒီကိစ္စနဲ့ပတ်သက်ပြီး နေပြည်တော်က အလုပ်သမား၊ လူဝင်မှုကြီကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနကို စာပေးပို့ တင်ပြထားတယ်လို့ ဦးမိုးအောင်ခိုင် က ပြောပါတယ်။
"အဲဒါကို ကျွန်တော်တို့ သိလိုက်တော့လေ နေပြည်တော်ကို စာတင်ထားပြီ ။ ကုမ္ပဏီပေါ့နော်။ ကုမ္ပဏီကိုတော့ ကျွန်တော်တို့ တင်ပြထားပါတယ်။ ဝန်ထမ်းပဲ ကျွန်တော်တို့က ကွပ်ကဲတာ ။ Service Provider ကျတော့ နေပြည်တော်ကနေမှ သူတို့ပေးထားတာလေ"
မြန်မာသံရုံးရဲ့ တရားဝင်သတ်မှတ်ထားတဲ့နှုန်းထားက နိုင်ငံကူးလက်မှတ်အတွက် ဘတ် ၁၅၃၀၊ စမတ်ကတ်ကြေးအတွက် ဘတ် ၇၀ စုစုပေါင်း ဘတ် ၁၆၀၀ ဖြစ်ပါတယ်။
ကုမ္ပဏီက ဓာတ်ပုံဖိုးအဖြစ် ဘတ် ၂၅၀ နဲ့ စာအုပ်အဖုံးဖိုး ဘတ် ၁၂၀ ကို နိုင်ငံကူးလက်မှတ်လာလုပ်တဲ့ အလုပ်သမားတွေဆီကနေ မပေးမနေရပုံစံ ထပ်မံတောင်းယူနေတာဖြစ်ပါတယ်။
Service Provider အဖြစ် လုပ်ကိုင်ခွင့်ရထားတဲ့ ကုမ္ပဏီကတော့ Bega trading ကုမ္ပဏီ ဖြစ်ပါတယ်။ ဓာတ်ပုံဖိုးတွေနဲ့ စာအုပ်အဖုံးဖိုးတွေ ကောက်ခံရတဲ့အကြောင်းရင်းနဲ့ ပတ်သက်ပြီး ကုမ္ပဏီဘက်ကို ဆက်သွယ်မေးမြန်းပေမယ့် မရခဲ့ပါဘူး။
ကုမ္ပဏီက အဲဒီလို ကောက်ယူနေတဲ့အတွက် မြန်မာအလုပ်သမား ၂၀၀ လောက်ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၄ ရက်နေ့က သံရုံးရှေ့မှာ တောင်းဆိုခဲ့ကြပါတယ်။
RFA Burmese
https://www.facebook.com/rfaburmese/
အလုပ်သမားတွေအတွက် နိုင်ငံကူးလက်မှတ်ကုန်ကျစရိတ် ပိုများနေ
Reviewed by THITHTOOLWIN
on
16:12
Rating: