( တနင်္သာရီတိုင်းဒေသကြီး လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီးအသစ် ဗိုလ်မှူးကြီးကျော်ဇေယျ တိုင်းဒေသကြီးလွှတ်တော်မှာ ဖေဖော်ဝါရီလ ၁၇ ရက်နေ့က ကတိသစ္စာပြုနေစဉ် ) ဓါတ်ပုံ - ငြိမ်းချမ်းဦး |
ဒီနေ့ တိုင်းဝန်ကြီးချုပ်က တဆင့်တင်ပြပြီး သဘောတူလိုက်တာလို့ ကျွန်းစုမြိုနယ် တိုင်းဒေသကြီးကိုယ်စားလှယ် ဒေါက်တာ ထူးနေအောင် က ပြောပါတယ်။
ဒီလုံခြုံရေးရာနဲ့ နယ်စပ်ရေးရာဝန်ကြီးအဖြစ် ခန့်အပ်ပေးဖို့ တင်ပြလာတဲ့ ဗိုလ်မှူးကြီးကျော်ဇေယျ ဟာ ဒီနေ့မှာဘဲ တိုင်းဒေသကြီးလွှတ်တော်မှာ တပ်မတော်သား ကိုယ်စားလှယ်အဖြစ် ကတိသစ္စာပြုခဲ့ပါတယ်။
အရင် လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဇော်လွင်ဟာ ပြီးခဲ့တဲ့ အစိုးရလက်ထက်ကတည်းက တနင်္သာရီတိုင်း လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီးအဖြစ် တာဝန်ယူခဲ့တဲ့သူဖြစ်ပါတယ်။
RFA Burmese
https://www.facebook.com/rfaburmese/
တနင်္သာရီ နယ်လုံအသစ် တိုင်းလွှတ်တော် အတည်ပြု
Reviewed by THITHTOOLWIN
on
17:46
Rating: