နေပြည်တော် ဖေဖော်ဝါရီလ ၁၃
ပျဉ်းမနားမြို့နယ်၊ ကံဦးအုပ်စု၊ သပြေလှကျေးရွာ၊ ရေခဲစက်ဝန်းနေ ယာဉ်မောင်း မောင်ကျော်စွာလင်း(၃၃)နှစ် မောင်းနှင်လာသော 2E-3668 Town Ace မော်တော်ယာဉ်သည် ရှေ့ဘီးပေါက်ပြီး အရှိန်မထိန်းနိုင်၍ ပျဉ်းမနား မြို့နယ်၊ ရာဇဌာနီလမ်းပေါ်ရှိ နှင်းဆီဝိုင်းအုတ်ခုံပေါ်သို့ ဖေဖော်ဝါရီ ၁၃ ရက်နေ့ နေ့ (၃း၃ဝ)နာရီအချိန်ခန့်က ဝင်ရောက် တိုက်ခိုက်မိခဲ့ကြောင်း သိရှိရသည်။
အဆိုပါဖြစ်စဉ်တွင် ယာဉ်မောင်းကျော်စွာလင်းမှာ ထိခိုက်မှုတစ်စုံ တစ်ရာမရှိခဲ့သော်လည်း ၄င်းနှင့်အတူ ယာဉ်ပေါ်ပါလာသူ ကိုဇော်(၂၈)နှစ်မှာ ဦးခေါင်းအနည်းငယ် ပေါက်ပြဲဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
ရဲရဲ(ပျဉ်းမနား)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
ရာဇဌာနီလမ်း နှင်းဆီဝိုင်း အုတ်ခုံပေါ်သို့ ယာဉ်တစ်စီး အရှိန်လွန်တိုက်ခိုက်မိ
Reviewed by THITHTOOLWIN
on
20:59
Rating:
