မန္တလေးတိုင်းဒေသကြီး အမှတ် ၂ မဲဆန္ဒနယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းဦး က မြန်မာ- တရုတ် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းသစ်ဖောက်ပေးဖို့ အစီအစဉ် ရှိ၊ မရှိမေးမြန်းတာကို ဝန်ကြီး ဦးဝင်းခိုင် က ပြန်လည်ဖြေကြားခဲ့တာဖြစ်ပါတယ်။
မန္တလေး- မူဆယ်- လားရှိုးလမ်းမကြီးကို BOT စနစ်နဲ့ တာဝန်ယူနေတဲ့ Oriental Highway ကုမ္ပဏီက လေး လမ်းသွား ကတ္တရာလမ်းတိုးချဲ့တာ၊ နိုင်လွန်ကတ္တရာခင်းတာတွေကို ၂၀၁၈- ၂၀၁၉ ဘဏ္ဍာနှစ်မှာ အပြီးဆောင်ရွက်သွားမယ်လို့လည်း ဝန်ကြီး ဦးဝင်းခိုင် က ပြောပါတယ်။
ယာဉ်ကြောပိတ်ဆို့မှု အများဆုံးဖြစ်ပွားနေတဲ့ ကွတ်ခိုင်-နမ့်ဖတ်ကာ ကားလမ်းပိုင်းမှာ လမ်းတိုးချဲ့မှု လုပ်ငန်း စတင်ဆောင်ရွက်နေပေမယ့် နယ်မြေလုံခြုံရေးအရ ၄၈ ပေ၊ လေးလမ်းသွား နိုင်လွန်ကတ္တရာခင်းတဲ့လုပ်ငန်းအစား လမ်းကျဉ်းတဲ့နေရာတွေမှာ မြေသားလမ်းချဲ့တာ၊ လမ်းပျက်ပြင်တာတွေကို ၂၀၁၇ မိုးရာသီအမီ အပြီးဆောင် ရွက်နေတယ်လို့ သိရပါတယ်။
မြန်မာ့ဆန်တင်ပို့မှုရဲ့ ၆၀ ရာခိုင်နှုန်းဝန်းကျင်ကို ဝယ်ယူနေတဲ့ တရုတ်နိုင်ငံထံ မန္တလေး- မူဆယ်- လားရှိုး လမ်းမကြီးကို အသုံးပြုပြီး ဆန်တင်ပို့နေသလို အဲဒီလမ်းမကြီးဟာ တရုတ်- မြန်မာ ကုန်သွယ်ရေးအတွက် အရေးပါတဲ့လမ်းမကြီးလည်း ဖြစ်ပါတယ်။
RFA Burmese
http://www.rfa.org/burmese
တရုတ်-မြန်မာ နယ်စပ် ကုန်သွယ်ရေးလမ်းကြောင်း သစ် ဖောက်လုပ်ပေးမည်
Reviewed by THITHTOOLWIN
on
18:01
Rating: