သထုံမြို့ - ရန်ကုန်၊ မော်လမြိုင် ရထားလမ်းပေါ်တွင် လူတစ်ဦးရထားကြိတ်ခံရပြီး သေဆုံး


မွန်ပြည်နယ်၊ သထုံမြို့၊ လိပ်အင်းရပ်ကွက်၊ ရန်ကုန်၊ မော်လမြိုင်ရထားလမ်းပေါ်၌ ဖေဖော်ဝါရီ ၁၄ ရက်နေ့ နံနက်ပိုင်းက လူတစ်ဦးရထားကြိတ်ခံရ၍ သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။ လူတစ်ဦးရထားကြိတ်ခံရ၍ သေဆုံးနေကြောင်း လိပ်အင်းရပ်ကွက်ရှိ ရာအိမ်မှူးမှ ဖုန်းဖြင့် အကြောင်းကြား ခဲ့သောကြောင့် သထုံမြို့မ ရဲစခန်းမှ တာဝန်ရှိသူများ သွားရောက်စစ်ဆေးခဲ့ရာတွင် ရထားလမ်း မိုင်တိုင်အမှတ်၊ ၁၃၇/ ၂ နှင့် ၁၃၇ /၃ အကြား ရထားသံလမ်းပေါ်တွင် လူတစ်ဦးမှာ ဦးခေါင်းကြေအနေထားဖြင့် သေဆုံးနေသည်ကို တွေ့ရှိရကြောင်း ရဲမှတ်တမ်းအရ သိရသည်။

“ညကတော့ ကျောက်လုံးကြီး ဘုရားပွဲသွားမယ်ဆိုပြီး အိမ်ကထွက်သွားတယ်တဲ့ သူသေတဲ့နေရာမှာလဲ အမြဲတမ်း လိုလိုရပ်ပြီး ဖုန်းဆက်တတ်တယ်လို့ပြောတယ်။ ညကဘုရားပွဲသွားပြီး ပြန်လာတော့ သံလမ်းပေါ်မှာ အိပ်နေတဲ့ ပုံစံဖြစ်နိုင်တယ်။ ဘာလို့ဆို ရထားကြိတ်ထားတဲ့ ပုံစံအရ အဲလိုဖြစ်နိုင်တယ်။''ဟု သထုံမြို့မ ရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

 သေဆုံးသူမှာ သက်နိုင် (ခ) နိုင်ကြီး ၂၂ နှစ် (ဘ) ဦးသက်ထွန်း လိပ်အင်းရပ်ကွက်နေသူဖြစ်ပြီး ဖြစ်စဉ်နှင့် ပတ်သက်၍ သထုံမြို့မ ရဲစခန်းမှ သေမှုသေခင်းအမှတ်စဉ် ၃/၂၀၁၇ ဖြင့် အမှုဖွင့်လှစ်စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ရတနာပုံ သတင်းစာ
https://www.facebook.com/yadanabonnewspaper
သထုံမြို့ - ရန်ကုန်၊ မော်လမြိုင် ရထားလမ်းပေါ်တွင် လူတစ်ဦးရထားကြိတ်ခံရပြီး သေဆုံး  သထုံမြို့  - ရန်ကုန်၊ မော်လမြိုင် ရထားလမ်းပေါ်တွင် လူတစ်ဦးရထားကြိတ်ခံရပြီး သေဆုံး Reviewed by THITHTOOLWIN on 18:55 Rating: 5
Powered by Blogger.