ဖေဖော်ဝါရီ ၁၄
အစိုးရသစ် လက်ထက် ပမာဏ အများဆုံး အဖြစ် ကျောက်စိမ်းတုံးတင်ကား ၉ စီးကို ရွှေဘို- မြစ်ကြီးနားပြည်ထောင်စုကားလမ်းတွင် ၁၂ရက်နေ့ကဖမ်းဆီးရမိ ကြောင်းသိရသည်။
အဆိုပါကားများကို ရတနာ ကြယ်စင်လင်း ကုမ္ဗဏီ ပိုင် ကားများဖြစ်ပြီး ဖားကန့်မြို့နယ် လုံးခင်းမှနေပြည်တော်သို့ အသွား အခွန်ပေးဆောင်ထားသည့် ကျောက်စိမ်းအရိုင်းတုံးများအပြင် ကားများ၌အံဝှက်ပြုလုပ်ကာ တရားမ၀င်ကျောက်စိမ်းအရိုင်းတုံးများအား တင်ဆောင်လာခဲ့ကြောင်း စစ်ဆေးတွေ့ရှိခဲ့သဖြင့် မိုးညှင်းမြို့ အမြောက်စစ်ဆင်ရေးကွပ်ကဲရေးမှူးချုပ်ရုံး မစခ(၉၀၄) တွင် ထိန်းသိမ်းထားကာ မိုးညှင်းမြို့မရဲစခန်းသို့လွဲပြောင်းပေးခဲ့ကြောင်းသိရသည်။
“ကျောက်မျက်ရတနာဆိုတာ တရားဝင်အခွန်ဆောင်ကြရပြီးနိုင်ငံတော်က ခွင့်ပြုချက်ရရှိထားကြတဲ့ ကျောက်မျက်ကုမ္ပဏီတွေကဘဲ ဒီလိုသယ်ဆောင်ခွင့်ရတာ အခုကားတွေကကျောက်စိမ်းရုံးမှာ စစ်ဆေးပြီးမှ ထွက်ခွာလာခဲ့တဲ့ကားတွေပါ အခုလိုအံဝှက်တွေနဲ့ တရားမ၀င်သယ်ဆောင်လိမ့်မယ်ဆိုတာ ဘယ်သူကမှမထင်ထားမိကြဘူး”ဟု မြို့နယ်ထွေအုပ်ရုံးဒုဦးစီးမှူး ဦးစံရွှေမြင့် က မြစ်ကြီးနား သတင်းဂျာနယ်သို့ ပြောသည်။
တရားမ၀င်ကျောက်စိမ်းရိုင်းတုံးများကို ထိန်းသိမ်းထားရှိပြီး အရေအတွက်၊ အလေးချိန်၊ တန်ဖိုးများအားတာဝန်ရှိသူများက စီစစ်နေဆဲဖြစ်ကြောင်း မိုးညှင်းမြို့မရဲစခန်းမှ သိရသည်။
ထွန်းထွန်း
Myitkyina News Journal
https://www.facebook.com/myitkyinanewsjournal.mm/
အစိုးရသစ် လက်ထက် ပမာဏ အများဆုံး အဖြစ် ကျောက်စိမ်းတုံးတင် ကား ၉ စီး ဖမ်းမိ
Reviewed by THITHTOOLWIN
on
12:23
Rating:
