ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းသည် ဇန်န၀ါရီ ၁၇ ရက်နေ့ နေ့လည် ၂ နာရီ ခန့်တွင် သခင်မြင်ပန်းခြံမှစတင်၍ ဗိုလ်ချုပ်အောင်ဆန်းလမ်းမှ ဗိုလ်တထောင်ဘုရားအထိ YBS ယာဉ်လိုင်းအမှတ် (၆၅)ကို စီးနင်းကာ ဘတ်စ်ကားစီးနင်းသူများ၏ အခက်အခဲအခြေအနေများကို လေ့လာကြည့်ရှုခဲ့သည်။
ယင်းခရီးစဉ်တွင် ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့်အတူ အစိုးရအဖွဲ့မှ တာဝန်ရှိသူများလိုက်ပါခဲ့ကြောင်းနှင့် ခရီးသွားပြည်သူအချို့မှ ၄င်းတို့ တွေ့ကြုံနေရသည့်အခက်အခဲများကို တင်ပြခဲ့ကြောင်း သိရသည်။
လင်းလင်းအောင်
News Watch
https://www.facebook.com/NewsWatchJournal
ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း YBS ဘတ်စ်ကားစီးပြီး ခရီးသည်များ၏ အခက်အခဲလေ့လာ
Reviewed by THITHTOOLWIN
on
15:57
Rating:
