YBS ယာဉ်မောင်းတွေအတွက် သင်တန်းကျောင်းတွေ ဖွင့်လှစ်သင်ကြားပေးသွားမှာ ဖြစ်တယ်လို့ YRTAရဲ့ တွဲဖက်အတွင်းရေးမှူး ဦးသန်းဝင်းကပြောပါတယ်။ သင်တန်းကျောင်းဖွင့်လှစ်သွားဖို့နဲ့ပတ်သက်ပြီး မနေ့ကကျင်းပခဲ့တဲ့ အများပြည်သူသယ်ယူ ပို့ဆောင်ရေးကြီးကြပ် ကွပ်ကဲမှုအာဏာပိုင်အဖွဲ့နဲ့ YBSယာဉ်ပိုင်ရှင်ကုမ္ပဏီတွေတွေ့ဆုံတဲ့ အစည်းအဝေးမှာ ဆုံးဖြတ်ချက်ရယူခဲ့တာဖြစ်ပါတယ်။
YBSယာဉ်မောင်းတွေ အပြင် အသစ်ယာဉ်မောင်းသင်ချင်သူတွေအနေနဲ့ စနစ်တကျယာဉ်မောင်းနှင် နိုင်အောင် သင်ကြားပေးသွားမှာဖြစ်ပါတယ်။ လက်ရှိမှာ ရန်ကုန်မြို့တွင်း YBS ယာဉ်လိုင်းပြေးဆွဲနေမှုအခြေနေတွေ အဆင်ပြေတည်ငြိမ်လာချိန်မှာ အခုသင်တန်းကျောင်းကို စတင်အကောင်ထည်ဖော်ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့လည်း ဦးသန်းဝင်းကပြောပါတယ်။
အခုYBSယာဉ်လိုင်းတွေမှာ ယာဉ်မောင်းလုပ်ကိုင်နေ သူတွေကိုတော့ပြန်လည်စစ်ဆေးတဲ့ သဘောမျိုးအပါဝင် ယာဉ်မောင်းအလုပ်ကို စနစ်တကျ လုပ်ဆောင်နိုင်အောင် သင်ကြားပေးနိုင်ဖို့ ဒီသင်တန်းကျောင်းကို ဖွင့်လှစ်ရတာဖြစ်တယ်လို့ လည်းပြောပါတယ်။
အဲဒီလိုဖွင့်လှစ်သင်ကြားပေးရာမှာ ယာဉ်မောင်းအလုပ် လုပ်ကိုင်သူတွေရဲ့ ဘဝကိုလည်း တိုးတက်အောင်မြှင့်တင်ပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။
လက်ရှိမှာ နေရာစုံက ယာဉ်မောင်းတွေ လိုအပ်မှုရှိနေပါတယ်။ YBSယာဉ်လိုင်းရဲ့ လုပ်ငန်းလိုအပ်ချက်ပေါ်မူတည်ပြီး သင်တန်းသားတွေကို ခေါ်ယူသင်ကြားပေး သွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။
5 Plus News
https://www.facebook.com/5plusnews
YBS ယာဉ်မောင်းတွေကို သင်တန်းကျောင်းဖွင့် သင်ကြားမည်
Reviewed by THITHTOOLWIN
on
07:23
Rating:
