YBS ယာဉ်လိုင်းတွေမှာ ပြေးဆွဲမယ့်လမ်းကြောင်းစုံအတွက် ယာဉ်အစီး(၁၂၀) ဇန်န၀ါရီ(၁၉)ရက်နေ့မှာ ပြည်ပကနေထပ်မံရောက်ရှိလာမယ်လို့ ရန်ကုန်တိုင်းဒေသကြီးသယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA) တွဲဖက်အတွင်းရေးမှူး ဦးသန်းဝင်းက 5plus ကိုပြောပါတယ်။
လက်ရှိမှာ ခရီးသွားပြည်သူတွေ အဆင်ပြေစေဖို့ အခမဲ့ယာဉ်တွေ ပြေးဆွဲပေးနေတာမျိုးတွေရှိနေပြီး အဲဒီအခမဲ့ယာဉ်တွေ ပြေးဆွဲပေးခြင်းမရှိတဲ့ အချိန်မှာ YBS ယာဉ်လိုင်းတွေရဲ့ ကားတွေလုံလောက်မှုရှိအောင် နေ့စဉ် ထပ်တိုးပေးတာမျိုးရှိတယ်လို့လည်း သူကပြောပါတယ်။ စတင်ပြေးဆွဲတဲ့နေ့ကစပြီး ဒီတစ်ပတ်အတွင်းမှာ YBS ယာဉ်တွေ လုံလောက်မှု ရှိသွားနိုင်တယ်လို့လည်း ဆိုပါတယ်။
ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကတော့ ကားအစီးရေ ၃၀၀၀ ကျော်ပြေးဆွဲပေးနေပေမယ့် စီးနင်းမယ့်ခရီးသည်နဲ့ ကားအရေအတွက်လုံလောက်မှုမရှိတဲ့အတွက် ဖေဖော်ဝါရီလကုန်မှာ ကားသစ်တွေရောက်ရှိလာဖို့ ကြိုးစားမယ်လို့ မီဒီယာတွေကို ပြောကြားထားပါတယ်။
လက်ရှိမှာ ရန်ကုန်တိုင်းဒေသကြီးသယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့က YBS ယာဉ်လမ်းကြောင်းပေါင်း ၇၀ နဲ့ ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြေးဆွဲပေးနေတာဖြစ်ပါတယ်။
5 Plus News
https://www.facebook.com/5plusnews
YBS လမ်းကြောင်းပေါင်းစုံ အတွက်ယာဉ်အစီးရေ (၁၂၀)ထပ်မံရောက်ရှိမည်
Reviewed by THITHTOOLWIN
on
07:23
Rating:
