အလုံမြို့နယ်၊ MIP ဆိပ်ကမ်းဝင်းအတွင်း၌ ကုန်သေတ္တာအတွင်း တရားမ၀င် ကျွန်းသစ်ခွဲသားများထည့်၍ ပြည်ပသို့တင်ပို့ရန် ပြုလုပ်သူများကို စစ်ဆေးအရေးယူ


ရန်ကုန်၊ ဇန်န၀ါရီ ၂၅

၂၄.၁.၂၀၁၇ ရက်နေ့ ၁၂၀၀ အချိန်တွင် အလုံမြို့နယ်၊ ဧရာဝတီရပ်ကွက်၊ MIP ဆိပ်ကမ်းဝင်းအတွင်းသို့ သစ်တောဦးစီးဌာနမှ တိုင်းညွှန်ကြားရေးမှူး ဦးသိန်းတိုးနှင့်အဖွဲ့မှ သတင်းအရလာရောက် စစ်ဆေးစဉ် ကုန်သေတ္တာ၂ လုံးထဲ၌ ကျွန်းသစ်များတွေ့ရှိကြောင်း သိရှိရပြီး သင်္ဘောတင်ရန်
အနေအထားအဆင့်ထိ ရောက်ရှိနေကြာင်း စိစစ်တွေ့ရှိရပါသည်။


ယင်းသို့စစ်ဆေးခဲ့ရာ အဆိုပါနေရာတွင်ထားရှိသော ကုန်သေတ္တာအမှတ် MAGU 2266355 နှင့် TEMU 2829634 တို့အတွင်း၌ ကျွန်းသစ်ခွဲသား ဆိုဒ်စုံ စုစုပေါင်း(၃၃.၆၀၄၂)တန်းအား တွေ့ရှိ ခဲ့ရပြီး ၎င်းကုန်သေတ္တာများနှင့် ပတ်သက်၍ ပြည်ပသို့တင်ပို့ခွင့်လျှောက်ထားရယူရာတွင် အင်းစိန်မြို့နယ်နေ မခင်ချောမြင့်၊ (ဘ)ဦးမြင့်သိန်းမှ ရုံးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ခြင်း ဖြစ်ကြောင်းသိရှိရပြီး ၎င်းအား ဦးဝင်းကြိုင်(စုံစမ်းဆဲ)မှ ကုန်သေတ္တာ တစ်လုံးလျင် ငွေကျပ် (၁၂၀၀၀၀)ပေး၍ ခိုင်းစေခဲ့ခြင်းဖြစ်ကြောင်း ပေါ်ပေါက်ခဲ့ပါသည်။


၎င်းအား ထပ်မံစစ်ဆေးချက်အရ ပဲမျိုးစုံနှင့် သစ်ရောင်းဝယ်ရေးကုမ္ပဏီ၏ မန်နေဂျင်း ဒါရိုက်တာဖြစ်သူ သင်္ဃန်းကျွန်းမြို့နယ်နေ ဦးနိုင်မင်းစိုး၊ (ဘ)ဦးကျန်သရ်ဘန်မှ ၁၃.၁.၂၀၁၇ရက်နေ့တွင် ကုန်သေတ္တာ ၂ လုံး ပြည်ပသို့တင်ပို့နိုင်ရန် ဦးဝင်းကြိုင်အား စေခိုင်းခဲ့ခြင်း ဖြစ်ကြောင်းနှင့်
တရားမ၀င် ကျွန်းသစ်ခွဲသားများ ထည့်သွင်းထားသည့် ကုန်သေတ္တာ ၂ လုံးအား ပြည်ပသို့ တင်ပို့နိုင်ရန်အတွက် ဆိပ်ကမ်းလုပ်ငန်းများနှင့် အကောက်ခွန် လုပ်ငန်းများကို အဓိက ပါဝင်လုပ်ဆောင်ပေးခဲ့သူမှာ ပွဲစားဖြစ်သူ ဦးအာကာဗိုလ်၊ (ဘ)ဦးလှကြည်ဖြစ်ကြောင်း ပေါ်ပေါက်ခဲ့သဖြင့်
၎င်းတို့(၄)ဦးအား အရေးယူပေးရန် အလုံမြို့နယ် သစ်တောဦးစီးအရာရှိမှ တရားလိုပြုလုပ် တိုင်တန်းချက်အရ အလုံမြို့မရဲစခန်း (ပ)၂၆/၂၀၁၇၊ သစ်တောဥပဒေပုဒ်မ ၄၃(က)ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိပြီး တိမ်းရှောင်နေသူ ၀င်းကြိုင်အား ဖမ်းဆီးရမိရေး ဆောင်ရွက်
လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police
https://www.facebook.com/yangonpolice/
အလုံမြို့နယ်၊ MIP ဆိပ်ကမ်းဝင်းအတွင်း၌ ကုန်သေတ္တာအတွင်း တရားမ၀င် ကျွန်းသစ်ခွဲသားများထည့်၍ ပြည်ပသို့တင်ပို့ရန် ပြုလုပ်သူများကို စစ်ဆေးအရေးယူ  အလုံမြို့နယ်၊ MIP ဆိပ်ကမ်းဝင်းအတွင်း၌ ကုန်သေတ္တာအတွင်း တရားမ၀င် ကျွန်းသစ်ခွဲသားများထည့်၍ ပြည်ပသို့တင်ပို့ရန် ပြုလုပ်သူများကို စစ်ဆေးအရေးယူ Reviewed by THITHTOOLWIN on 09:57 Rating: 5
Powered by Blogger.