MICT Park ဝင်းအတွင်း အဲကွန်း ၀န်ဆောင်မှု ပြုလုပ်သူ လုပ်သားနှစ်ဦး လေးလွှာမှ ပြုတ်ကျ


လှိုင်တက္ကသိုလ်နယ်မြေ MICT Park ၀င်းအတွင်းတွင် ဇန်န၀ါရီလ ၂၇ ရက်နေ့က အဲကွန်းဝန်ဆောင်မှု ပြုလုပ်နေသူ နှစ်ဦး လေးလွှာမှ ပြုတ်ကျမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

MICT အတွင်းရှိ အဆောင် ၁၈ လေးလွှာ တွင် Air Con ဆားဗစ်ပြုလုပ်နေသည့် ၀န်ထမ်းနှစ်ဦးမှာ ယနေ့မနက် ၁၁ နာရီ ၄၅ မိနစ် အချိန်ခန့်က ပြုတ်ကျ၍ အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း မျက်မြင်တွေ့သူများက The Ladies သို့ပြောသည်။

“၀န်ထမ်းတွေဆားဗစ်လုပ်နေတယ်ပြောတယ်။ သူတို့က outdoor ယူနစ်ထားတဲ့ နေရာ ကနေပြုတ်ကျတာ၊ outdoor ယူနစ်ကြီး ကအရင်ပြုတ်ကျပြီး သူတို့ နှစ်ယောက်လုံး ပြုတ်ကျတာ ၊ ဘာစကားမှတောင် မပြော နိုင်တော့ဘူး”ဟု မျက်မြင်တွေ့သူတစ်ဦးက ပြောသည်။

ဒဏ်ရာရရှိခဲ့သည့် အဲကွန်းဆားဗစ် ၀န်ထမ်းနှစ်ဦးကို အနီးအနားရှိ ကားဖြင့် ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြောင်းလည်း သိရသည်။

“နေ့လယ် ၁၁နာရီ ၄၅လောက်က ကျွန်တော် နေ့ လယ်စာစားဖို့  ထွက်လာတော့ MICT Park ထဲက KBZ Bank နားရောက်တော့ ပြုတ်ကျတာပဲ၊ အပေါ်က အလူမီနီယံဘောင်တွေလည်း ပြုတ်နေတယ်၊ ဆေးရုံကားတော့မလာဘူး။ MICTထဲကကားနဲ့ပဲဆေးရုံလိုက်ပို့ကြတယ်” ဟု မျက်မြင်တွေ့ရှိသူ ကိုစည်သူထက်အောင်က ပြောသည်။

ဇော်မင်းထွန်း
The Ladies News
https://www.facebook.com/News.TheLadies/
MICT Park ဝင်းအတွင်း အဲကွန်း ၀န်ဆောင်မှု ပြုလုပ်သူ လုပ်သားနှစ်ဦး လေးလွှာမှ ပြုတ်ကျ MICT Park ဝင်းအတွင်း အဲကွန်း ၀န်ဆောင်မှု ပြုလုပ်သူ လုပ်သားနှစ်ဦး လေးလွှာမှ ပြုတ်ကျ Reviewed by THITHTOOLWIN on 20:43 Rating: 5
Powered by Blogger.