လွှတ်တော်ဝန်းအတွင်းဖြစ်ပွားခဲ့တဲ့ M-150 ပေါက်ကွဲမှု သံသယရှိသူ(၄)ဦး ရုံးထုတ်


ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဝန်းအတွင်း ဖြစ်ပွားခဲ့တဲ့ M-150 ပေါက်ကွဲမှုနဲ့ ပတ်သတ်လို့ စွပ်စွဲခံရသူ (၄) ဦးကို ဇန်န၀ါရီလ(၉)ရက်က အနောက်ပိုင်းခရိုင်တရားရုံးမှာ ရုံးထုတ်ခဲ့ပါတယ် ။ ဒီအမှုကို ဒုရဲမှူးတင့်ဆွေက တရားလိုပြုလုပ်ပြီး (၂၀၁၆)ခုနှစ် ဒီဇင်ဘာလ (၂၃) ရက်မှာ တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။

 စွပ်စွဲခံရသူတွေဘက်က လိုက်ပါဆောင်ရွက်မယ့် ရှေ့နေသုံးဦးရှိနေမယ့် စွပ်စွဲခံရသူတစ်ဦးအတွက် ရှေ့နေ တစ်ယောက်လိုအပ်သေးတယ်လို့ စွတ်စွဲခံရသူတစ်ဦးဖြစ်တဲ့ စိုးမင်းဇော်(ခ)သားငယ်ရဲ့ရှေ့နေဒေါ်သဇင်အေးကဆိုပါတယ်။

 ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ် ဒီဇင်ဘာလအတွင်းက ပေါက်ကွဲစေတဲ့ ဓာတုအရည်ထည့်ထားတဲ့ M-150 အချိုရည်ပုလင်းတွေ ဈေးဝယ်စင်တာနဲ့အများပြည်သူ လှုပ်ရှားသွားတဲ့နေရာအချို့အပြင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ရုံးဝင်းအတွင်းမှာပါ ပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့ပါတယ်။

5 Plus News
https://www.facebook.com/5plusnews
လွှတ်တော်ဝန်းအတွင်းဖြစ်ပွားခဲ့တဲ့ M-150 ပေါက်ကွဲမှု သံသယရှိသူ(၄)ဦး ရုံးထုတ်   လွှတ်တော်ဝန်းအတွင်းဖြစ်ပွားခဲ့တဲ့ M-150 ပေါက်ကွဲမှု သံသယရှိသူ(၄)ဦး ရုံးထုတ် Reviewed by THITHTOOLWIN on 18:38 Rating: 5
Powered by Blogger.