KKO ခွဲထွက် စောဆန်းအောင်အဖွဲ့မှ တပ်ဖွဲ့ဝင် ၂၃ ဦး ဥပဒေဘောင် အတွင်း ၀င်ရောက်


နေပြည်တော်၊ ဇန်န၀ါရီ ၇

ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်အတွင်း နယ်မြေလုံခြုံရေးဆောင်ရွက်နေသော တပ်မတော်စစ်ကြောင်းနှင့် ဆက်သွယ်ဆောင်ရွက်၍ နယ်မြေခံတပ်ထံသို့ ယနေ့ နံနက် ၁၀ နာရီတွင် KKO ခွဲထွက်စောဆန်းအောင်အဖွဲ့မှ စိုးစိုး ခေါင်းဆောင်သည့် တပ်ဖွဲ့ဝင် ၂၃ ဦးတို့သည် လက်နက်မျိုးစုံ ၈ လက်၊ ကျည်မျိုးစုံ ၁၄၉ တောင့်၊ ကျည်အိမ် မျိုးစုံ ၈ ခု၊ ဗုံးသီး ၃ လုံး၊ မိုင်း ၇ လုံးတို့နှင့်အတူ ဥပဒေဘောင်အတွင်းသို့ ၀င်ရောက်လာခဲ့ရာ နယ်မြေခံတပ်မတော်စစ်ကြောင်း တာဝန်ရှိသူများမှ နွေးထွေးစွာကြိုဆိုလက်ခံခဲ့သည်။

၎င်းတို့အနေဖြင့် KKO ခွဲထွက်စောဆန်းအောင်အဖွဲ့၏ လုပ်ရပ်များအပေါ် လက်ခံမှုမရှိခြင်း၊ လက်နက်ကိုင် လမ်းစဉ်ကို စွန့်လွှတ်၍ ငြိမ်းချမ်းစွာနေထိုင်လိုခြင်းနှင့် နိုင်ငံတော်နှင့်တပ်မတော်၏ တိုင်းရင်းသားပြည်သူများအပေါ် ထားရှိသည့် သဘောထားစေတနာအမှန်ကို နားလည်သဘောပေါက် လာသည့်အတွက် ဥပဒေဘောင်အတွင်းသို့ ၀င်ရောက်လာခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
https://www.facebook.com/Cincds/
KKO ခွဲထွက် စောဆန်းအောင်အဖွဲ့မှ တပ်ဖွဲ့ဝင် ၂၃ ဦး ဥပဒေဘောင် အတွင်း ၀င်ရောက်  KKO ခွဲထွက် စောဆန်းအောင်အဖွဲ့မှ တပ်ဖွဲ့ဝင် ၂၃ ဦး ဥပဒေဘောင် အတွင်း ၀င်ရောက် Reviewed by THITHTOOLWIN on 19:55 Rating: 5
Powered by Blogger.