ထိုင်းနိုင်ငံအတွင်း HIV ပိုးပြန့် ပွားအောင် လုပ်ဆောင်နေသူ နိုင်ငံခြားသားအား ဖမ်းဆီးနိုင်ခဲ့ကြောင်း ရဲတပ်ဖွဲ့ ထုတ်ပြန်
၁၈-၁-၂၀၁၇
ထိုင်းနိုင်ငံရဲတပ်ဖွဲ့ က အပူတပြင်းရှာဖွေနေတဲ့ Pferier Zdenek ချက် နိုင်ငံသား (Czech Rebublic) အသက် ၅၂ နှစ်ကို ၁၇ -၁-၂၀၁၇ ရက်နေ့ ညပိုင်းက ထိုင်းနိုင်ငံ ပူးကက် အပန်းဖြေစခန်း မှာ တာဝန်သိပြည်သူတစ်ဦးရဲ့  သတင်းပေးမှုကြောင့် သူနေထိုင်နေတဲ့ တိုက်ခန်းမှာ ဖမ်းဆီးနိုင်ခဲ့တယ်လို့  သိရပါ တယ်။
တရားခံဟာ သူ့ မှာရှိတဲ့ HIV ပိုးကို ရောဂါရှိနေတာကို ဖုန်းကွယ်ထားပြီး တခြားသူတွေကို ကူးဆက်ပြန့် ပွားအောင် အတူနေတဲ့သူတွေကို ကွန်ဒုံ မသုံးဘဲ ကာမဆက်ဆံနေပြီး ရောဂါကူးဆက်သွားအောင် လုပ်နေတဲ့သူဖြစ် ပါ တယ်။
သူနဲ့ အိပ်ခဲ့ အတူနေခဲ့တဲ့ လိင်တူ ဆက်ဆံ နေသူတွေနဲ့ အမျိုးသမီးတွေ ပါ HIV ရောဂါကူးဆက်သွားခဲ့ပါတယ်။
သူနေထိုင်နေတဲ့ချက်နိုင်ငံ (Czech Rebublic) ကနေ ခလေးနဲ့ လိင်ဆက် ဆံမှူ HIV ရောဂါကို တခြားသူတွေ ကူးဆက်အောင် လုပ်ဆောင်နေ တဲ့အမှုတွေ နဲ့  ထွက်ပြေးခဲ့ပြီး နိုင်ငံပေါင်းစုံကို လှည့်ပါတ်သွားလာနေခဲ့ပါတယ်။
တရားခံကတော့ ထိုင်းနိုင်ငံကို ၀င်ရောက်တာ ကာလ (လေးနှစ်) အတွင်းမှာ လိင်တူဆက်ဆံခဲ့တာများကြောင်း ၀န်ခံခဲ့ပါတယ်၊ လက်ရှိအချိန်အထိ တရားဝင် အစစ်ခံခဲ့သူ ကျားမ (၁၀)ဦးမှာ HIV ပိုးကူးဆက်နေတာ တွေ့ ရတယ်လို့  ထိုင်းသတင်းတွေမှာ ရေးသားဖေါ်ပြနေပါတယ်။
Photo Nation
Social Action for Women - SAW
ထိုင်းနိုင်ငံအတွင်း HIV ပိုးပြန့် ပွားအောင် လုပ်ဆောင်နေသူ နိုင်ငံခြားသားအား ဖမ်းဆီးနိုင်ခဲ့ကြောင်း ရဲတပ်ဖွဲ့ ထုတ်ပြန်
Reviewed by THITHTOOLWIN
on
08:37
Rating:
