ဈေးကွက်ထဲတွင်ရှိသော FDA ထောက်ခံချက်မရသည့် သောက်ရေသန့်များအား အရေးယူသွားမည်


ဈေးကွက်ထဲတွင် FDA ထောက်ခံချက်မရရှိသေးဘဲ ထုတ်လုပ်ရောင်းချနေသော သောက်ရေသန့်တံဆိပ်များအား ပညာပေးတော့မည်မဟုတ်ဘဲ အရှိန်မဟုန်မြှင့်၍ အရေးယူ တရားစွဲဆိုသွားမည်ဖြစ်ကြောင်း အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ သတင်းဌာနမှ သတင်းရရှိသည်။

သောက်ရေသန့်များသည် FDA ၏ ထောက်ခံချက်ရရှိမှသာလျှင် ထုတ်လုပ်မှုလိုင်စင်ကို စက်မှုဝန်ကြီးဌာနနှင့် စည်ပင်ကထုတ်ပေးခြင်းဖြစ်ကြောင်းနှင့် FDA ၏ ထောက်ခံချက်မကျသေးဘဲ ထုတ်လုပ်နေသော သောက်ရေသန့်များစွာရှိနေကြောင်း အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနခွဲ (ရန်ကုန်)၏ ညွှန်ကြားရေးမှူးချုပ် ဦးသန်းထွဋ်က ပြောကြားသည်။

ယခုအချိန်အထိ FDA မှ တရားစွဲဆိုထားသော သောက်ရေသန့်တံဆိပ် ၆ မျိုးရှိပြီဖြစ်ကြောင်းနှင့် FDA ၏ ထောက်ခံချက် သက်တမ်းသည် နှစ်နှစ်ဖြစ်၍ ထောက်ခံချက်မရရှိသေးချိန်နှင့် သက်တမ်းတိုးချိန်တို့တွင် ထုတ်လုပ်ဖြန့်ဖြူးခွင့်မရှိကြောင်း သိရသည်။

လတ်
News Watch
https://www.facebook.com/NewsWatchJournal/
ဈေးကွက်ထဲတွင်ရှိသော FDA ထောက်ခံချက်မရသည့် သောက်ရေသန့်များအား အရေးယူသွားမည်  ဈေးကွက်ထဲတွင်ရှိသော FDA ထောက်ခံချက်မရသည့် သောက်ရေသန့်များအား အရေးယူသွားမည် Reviewed by THITHTOOLWIN on 19:20 Rating: 5
Powered by Blogger.