နေပြည်တော် ဇန်န၀ါရီ ၁၈
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး၏ ကျောက်တံခါးမြို့နယ် မိုင်တိုင်အမှတ် ၁၀၀/၀ နှင့် ၁၀၀/၁ အကြား ရန်ကုန်ဘက်မှ နေပြည်တော်ဘက်သို့ ယာဉ်မောင်း ဇော်ထွန်းလင်း မောင်းနှင်လာသော CRV အနက်ရောင် မော်တော် ယာဉ်သည် ဇန်န၀ါရီလ (၁၈)ရက်နေ့ ယနေ့ နံနက် ၆ နာရီ ၄၅ မိနစ်က ယာဉ်မောင်းအိပ်ငိုက်ပြီး အရှိန် မထိန်းနိုင်ဘဲ လမ်းလယ် ကျွန်း ပေါ် ရောက် ရှိတိမ်းမှောက်ခဲ့သည်။
ဖြစ်စဉ်ကြောင့် ယာဉ်မောင်းမှာ ဒဏ်ရာရရှိမှု မရှိသော်လည်း ယာဉ်မှာ ခန့်မှန်း တန်ဖိုးငွေကျပ် ၁၅ သိန်းခန့် ပျက်စီးသွားသည်။ သို့ပါ၍ ယာဉ်မောင်းအား မြို့ချောင်း အမြန်လမ်း ရဲတပ်ဖွဲ့စခန်းမှ ရာဇသတ်ကြီး ပုဒ်မ ၂၇၉ အရ အမှုဖွင့်အရေးယူ ထားကြောင်း သိရသည်။
ထို့အတူ ယမန်နေ့ညနေ ၄ နာရီ ၂၅ မိနစ်က အမြန်လမ်းမကြီး၏ မိတ္ထီလာ မြို့နယ် မိုင်တိုင်အမှတ် ၂၈၄/၃ နှင့် ၂၈၄/၄ အကြား နေပြည်တော်ဘက်မှ မန္တလေးဘက်သို့ ယာဉ်မောင်း နိုင်ထွန်းအောင် မောင်းနှင် လာသော Ford Ranger မော်တော်ယာဉ်မှာ ယာဉ်ရပ်နားကွင်းသို့ ၀င်ရောက်စဉ် ၀ဲရှေ့ ဘီး ပေါက်၍ အရှိန်မထိန်း နိုင်ဘဲ လမ်းလယ်ကျွန်းအုတ်ခုံကို တိုက်မိ ရပ်တန့်ခဲ့သည်။
ဖြစ်စဉ်ကြောင့် ယာဉ်ပေါ်ပါ (၃)ဦးမှာ ထိခိုက် ဒဏ်ရာရရှိမှု မရှိခဲ့ခြေ။ သို့ပါ၍ ယာဉ်မောင်းအား သီးကုန်း အမြန်လမ်း ရဲတပ်ဖွဲ့စခန်းမှ အမှုဖွင့် အရေးယူ ထားကြောင်း သိရသည်။
သန်းဦး (လေးမျက်နှာ)
ဓာတ်ပုံ (အမြန်လမ်းရဲတပ်ဖွဲ့)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/
အမြန်လမ်းတွင် ယာဉ်မောင်းအိပ်ငိုက်ပြီး CRV မော်တော်ယာဉ် တိမ်းမှောက်
Reviewed by THITHTOOLWIN
on
11:37
Rating:
