ပျောက်ဆုံး ကချင်အမျိုးသမီးငယ်များ ရန်ကုန်နှင့် တရုတ်နယ်စပ်တို့မှပြန်တွေ့

ပျောက်ဆုံး ကချင်အမျိုးသမီးငယ်များ ရန်ကုန်နှင့် တရုတ်နယ်စပ်တို့မှပြန်တွေ့ မိဘအုပ်ထိန်းသူများထံ ပြန်လည်အပ်နှံ
မိုးညှင်း ဇန်နဝါရီ ၁၇

ကချင်ပြည်နယ် မိုးညှင်းမြို့ တွင် အမျိုးသမီးငယ်လေးများ ပျောက်ဆုံးလျက်ရှိရာ သက်ဆိုင် သူများမှ မိုးညှင်းမြို့မရဲစခန်းတွင် အကူအညီတောင်းခံခဲ့ကြသဖြင့် လူပျောက်မှုဖြင့်ရေးဖွင့် စုံစမ်းရှာ ဖွေခဲ့ရာ ရန်ကုန်မြို့နှင့် တရုတ် ပြည်နယ်စပ်တို့တွင် ပြန်လည်တွေ့ ရှိခဲ့သဖြင့် မိဘအုပ်ထိန်းသူများထံ ပြန်လည်အပ်နှံခဲ့သည်။

စုံစမ်းသိရှိရသည်မှာ ယခုလ ၉ရက် ညနေ ၅နာရီ ၂၅မိနစ်တွင် မိုးညှင်းမြို့နယ် ဘီလူးကျေးရွာ မြို့ ဟောင်းရပ်ကွက်နေ ဦးစိုးဝင်းဦး သည် မိုးညှင်းမြို့မရဲစခန်းသို့လာ ရောက်ကာ ၄င်း၏ညီမဖြစ်သူ မငြိမ်းအိဖြူ(ခ)မငြိမ်းငြိမ်း(၁၈နှစ်) သည် မအိအိမိုး (၂ဝနှစ်)၊မနုနုအေး (၂၃နှစ်)မဝင်းလှ(ခ)မငယ်(၃၄နှစ်) တို့နှင့်အတူ မိဘအုပ်ထိန်းသူများ၏ ခွင့်ပြုချက်အရ ပင်းဟဲကျေးရွာနေ မောင်ဇော်ရဲ(ခ)ဇော်ရဲထွန်း(၃ဝနှစ်) နှင့်အတူ ယခုလ ၅ရက်တွင် မြစ်ကြီးနားမြို့သို့ အလုပ်လုပ်ရန် လိုက်ပါသွားခဲ့ကြသည်။ ထိုသို့ လိုက်ပါသွားရာမှ ယခုလ ၉ရက် တွင် အဆက်အသွယ်ပြတ်တောက် ခဲ့ပြီး စုံစမ်းခဲ့သော်လည်း သတင်း အစအနမရရှိသဖြင့် မိုးညှင်းမြို့မရဲ စခန်းတွင် အကူအညီတောင်းခံခဲ့ ကြောင်း သိရသည်။

ထို့ကြောင့် သတင်းအဆက် အသွယ်မရဘဲပျောက်ဆုံးနေကြသော မငြိမ်းအိဖြူ(ခ)မငြိမ်းငြိမ်း၊မအိအိမိုး၊ မနုနုအေး၊မဝင်းလှ(ခ)မငယ်တို့ ပျောက်ဆုံးနေမှုအား မိုးညှင်းမြို့မ ရဲစခန်းက လူပျောက်အမှတ်စဉ် (၃/၂ဝ၁၇)ဖြင့်လက်ခံကာ ရဲစခန်း အသီးသီးသို့ ဆက်သွယ်အကူအညီ တောင်းခံထားကြောင်းသိရသည်။

ထိုသို့အဆင့်ဆင့်ဆက်သွယ် အကြောင်းကြားစုံစမ်းမှုကြောင့် ပျောက်ဆုံးနေသောမငြိမ်းအိဖြူ (ခ)မငြိမ်းငြိမ်း၊မအိအိမိုး၊မနုနုအေး တို့အား တရုတ်ပြည်နယ်စပ်ကန် ပိုက်တီးဂိတ်စခန်းတွင်တွေ့ရှိရသဖြင့် ပြန်လည်ခေါ်ဆောင်ခဲ့ကာ ယခုလ ၁၅ရက်တွင် မိုးညှင်းမြို့မရဲစခန်း တွင်လုပ်ထုံးလုပ်နည်းနှင့်အညီမိဘ အုပ်ထိန်းသူများထံ အပ်နှံပေးခဲ့ သည်။

ပြန်ရောက်လာသောအမျိုးသမီး ငယ်များ၏ ဟြေကြားချက်အရ အလုပ်လုပ်ရန်ခေါ်ယူစဉ်က ကန် ပိုက်တီးမြို့တွင် လုပ်ကိုင်ရမည် ဟုဆိုသော်လည်း အမှန်တကယ် လုပ်ကိုင်ရသည်မှာ တရုတ်ပြည် ခုရုံးမြို့ရှိ အထပ်သားစက်ရုံတွင် လုပ်ကိုင်ခိုင်းသဖြင့် မိမိတို့မှ တိုင်း တစ်ပါးတွင် အလုပ်လုပ်ရန်ဆန္ဒမရှိ သဖြင့်ပြန်လာစဉ်လိုက်လံရှာဖွေသူ များနှင့်တွေ့ရှိခဲ့ပြီး မိမိတို့နှင့်အတူ လိုက်ပါလာသူ မဝင်းလှ(ခ)မငယ် သည် ခုရုံးမြို့ရှိ အထပ်သားစက်ရုံ တွင်အလုပ်လုပ်ရန်ကျန်နေခဲ့ကြောင်း သိရသည်။ ထို့အတူ မိုးညှင်းမြို့ နယ် အမှတ်(၆ဝ၃)ဒုံးတပ်မှအမျိုး သမီးငယ်နှစ်ဦး ပျောက်ဆုံးလျက် ရှိပြီး မိုးညှင်းမြို့မရဲစခန်းတွင် လူ ပျောက်တိုင်ကြားထားကြောင်း သိ ရသည်။

စုံစမ်းသိရှိရသည်မှာ ယခုလ ၅ရက်တွင် မိုးညှင်းမြို့နယ်အမှတ် (၆ဝ၃)ဒုံးတပ်မှဒုတပ်ကြပ်လှမြင့်၏ သမီးမစန္ဒာအေး(ခ) မသီတာဌေး (၁၆နှစ်)သည် အောင်သပြေ(၃) ရပ်ကွက်နေဒေါ်ဇာဇာမြင့်၏ နေအိမ် တွင် ကလေးထိန်းလုပ်ကိုင်နေစဉ် တစ်တပ်တည်းနေ တပ်ကြပ်ခင် မောင်လွင်၏ သမီး မဝင်းဝင်းမော် နှင့်မုန့်စားလိုက်သွားစဉ် ပြန်ရောက် လာခြင်းမရှိသဖြင့်ဒေါ်ဇာဇာမြင့်က မိဘများထံ ဆက်သွယ်အကြောင်း ကြားခဲ့သည်။

ထို့ကြောင့်ဒုတပ်ကြပ်လှမြင့်က သမီးဖြစ်သူမစန္ဒာအေး(ခ)မသီတာဌေး ပျောက်ဆုံးနေမှုအား ကူညီစုံစမ်း ပေးပါရန် မိုးညှင်းမြို့မရဲစခန်းတွင် အကြောင်းကြားခဲ့သဖြင့်လူပျောက် အမှတ်စဉ် (၂/၂ဝ၁၇)ဖြင့် ရေးဖွင့် ကာ စုံစမ်းရှာဖွေလျက်ရှိကြောင်း သိရသည်။ ထိုသို့ စုံစမ်းရှာဖွေမှု ကြောင့် မစန္ဒာအေး(ခ)မသီတာဌေး နှင့်မဝင်းဝင်းမော်တို့သည် ရန်ကုန် မြို့ ဒဂုံမြို့နယ်ရှိ သံလွင်အိမ်ရာဝင်း နေဒေါ်သန္တာအောင်၏ နေအိမ်သို့ ရောက်ရှိနေကြောင်းသိရသဖြင့် လိုက်လံခေါ်ယူခဲ့ကြပြီး ယခုလ ၁၄ ရက်တွင် မိုးညှင်းမြို့မရဲစခန်း တွင် စစ်ဆေးမေးမြန်းကာလုပ်ထုံး လုပ်နည်းနှင့်အညီ မိဘအုပ်ထိန်း သူများထံပြန်လည်အပ်နှံခဲ့သည်။

မစန္ဒာအေး(ခ)မသီတာဌေးနှင့် မဝင်းဝင်းမော်တို့၏ဟြေကြားချက် အရ၄င်းတို့သည်အလုပ်လုပ်ကိုင်ရန် ရထားစီး၍ မန္တလေးမြို့သို့ ရောက် ရှိပြီး ထိုမှတစ်ဆင့်ရန်ကုန်မြို့သို့ ရောက်ရှိကာ အသိဖြစ်သူ၏နေအိမ် တွင်တည်းခိုပြီး အလုပ်ရှာဖွေနေစဉ် မိုးညှင်းမြို့ရှိ မိဘများနှင့် တာဝန်ရှိ သူများမှ လာရောက်ခေါ်ယူခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ ထိုသို့ မိုးညှင်းမြို့နယ်အတွင်းမှမိန်းကလေး ငယ်များပျောက်ဆုံးနေမှုအား မိဘ အုပ်ထိန်းသူများ၊သက်ဆိုင်ရာတာဝန် ရှိသူများပေါင်းစပ်ညှိနှိုင်းကာ ဘေး မသီရန်မခဘဲ ပြန်လည်ခေါ်ယူနိုင် ခဲ့ကြောင်း သိရသည်။

ကချင်မြေနဂါး
The Union Daily
https://www.facebook.com/uniondaily.net
ပျောက်ဆုံး ကချင်အမျိုးသမီးငယ်များ ရန်ကုန်နှင့် တရုတ်နယ်စပ်တို့မှပြန်တွေ့  ပျောက်ဆုံး ကချင်အမျိုးသမီးငယ်များ ရန်ကုန်နှင့် တရုတ်နယ်စပ်တို့မှပြန်တွေ့ Reviewed by THITHTOOLWIN on 18:44 Rating: 5
Powered by Blogger.