မန္တလေး တိုင်းရင်းဆေးတက္ကသိုလ်အနီး အိုးဘိုရပ်တွင် မီးလောင်မှုဖြစ်ပွား


ဇန်နဝါရီ ၇ ။

မန္တလေး အောင်မြေသာစံမြို့နယ် တိုင်းရင်းဆေး တက္ကသိုလ်အနီး အိုးဘိုရွှေကျင်ရပ် အကွက် ၄၀ တွင် ဇန်နဝါရီ ၇ ရက် ယနေ့နံနက် ၁၀ နာရီ ကျော်က မီးလောင်မှုဖြစ်ပွားသည်။

အတည်မပြုနိုင်သေးသည့် ကနဦးမြေပြင်သတင်းများ အရ ရှိုင်းဓါတ်ပုံဆိုင်မှ ဝါယာလျှော့ကြောင့် စတင်လောင်ကျွမ်းရာမှ နေအိမ် ၅ လုံး။ ဘော်ဒါ ဆောင်တစ်ခုနှင့်ကားဝါ့ရှော့မှ ကား၂ စီး မီးလောင် ခဲ့ကြောင်းသိရပြီး မန္တလေး=မိုးကုတ် လမ်း ဘေးဖြစ်သည်။

၁၀ နာရီ ၂၅ မိနစ်မှာ မီးသတင်းရှိပြီး ၁၀ နာရီ ၄၀ တွင် မီးညွန့်ကျိုးခဲ့ကြောင်း။ ဆုံးရှုံးမှုနှင့် ဒဏ်ရာရရှိမှု ရှိမရှိ စသည့်အသေးစိပ် အချက် အလက် ထုတ်ပြန်မည်ဖြစ်သည်ဟု သိရသည်။

Mandalay News
https://www.facebook.com/lin.aung.777
မန္တလေး တိုင်းရင်းဆေးတက္ကသိုလ်အနီး အိုးဘိုရပ်တွင် မီးလောင်မှုဖြစ်ပွား  မန္တလေး တိုင်းရင်းဆေးတက္ကသိုလ်အနီး အိုးဘိုရပ်တွင် မီးလောင်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 12:04 Rating: 5
Powered by Blogger.