ထော်လာဂျီယာဉ်ဘရိတ်ပေါက်ပြီး လမ်းဘေးဆိုင်ကို တိုက်မိသဖြင့် ဆိုင်ရှင်သေဆုံး


ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့တွင် ထော်လာဂျီယာဉ်ဘရိတ်ပေါက်ပြီး နောက်ပြန်လိမ့်ကာ လမ်းဘေးဆိုင် ကို ဝင်ရောက်တိုက်မိသောကြောင့် ဆိုင်ရှင်သေဆုံးမှု ဇန်နဝါရီ ၈ ရက်တွင်ဖြစ်ပွားခဲ့ကြောင်း လားရှိုးမြို့မရဲစခန်း မှ သိရှိရသည်။

လားရှိုးမြို့၊ ရေကန်တောင်လမ်း အနောက်ဘက်မှ အရှေ့ဘက်သို့ ယာဉ်မောင်း အောင်ရဲဟိန်း(၂၇)နှစ်မောင်း နှင်လာသော ကုန်များတင်ဆောင်လာသည့် ၈ဌ/၃၁---Faw အပြာရောင်ယာဉ်သည် တည်ခိုခန်းတစ်ခု ရှေ့အရောက် ကုန်းတက်တွင် ဘရိတ်ပေါက်ပြီးနောက်ပြန်လိမ့်ကျကာ လမ်းဘေးဈေးဆိုင်အား တိုက်မိခဲ့ခြင်း ဖြစ်သည်။

“ကားနဲ့ တင်လာတာနဲ့ကမမျှ၊ စည်းကမ်းကမရှိဆိုတော့ ဖြစ်ကြမှာပဲ။ ထော်လာဂျီယာဉ်မောင်းတိုင်း မတရားတင် တယ်၊ မတရားမောင်းကြတယ်။ အမှိုက်သိမ်းတဲ့ယာဉ်မောင်းတွေလည်း ဒီလိုပါပဲ။ ဖြစ်သွားပြီလားဆိုရင် မျက်နှာ ငယ်လေးတွေနဲ့ ကျန်တဲ့သူတွေဒုက္ခရောက်ကြတယ်။”ဟု အခင်းဖြစ်ရာဝန်းကျင်တွင်နေထိုင်သူ ဦးစံမြတ်ကပြော သည်။

ယာဉ်မတော်တဆမှုကြောင့် ဈေးရောင်းနေသူဆိုင်ရှင် ဦးမြတ်မင်း(၃၀)နှစ်သေဆုံးခဲ့သဖြင့် ယာဉ်မောင်းအား လားရှိုးရဲစခန်းမှ ယာဉ်(ပ)၄/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က အရ အမှုဖွင့်အရေးယူဆောင်ရွက်ထား ကြောင်း သိရသည်။

ရတနာပုံ သတင်းစာ
https://www.facebook.com/yadanabonnewspaper
ထော်လာဂျီယာဉ်ဘရိတ်ပေါက်ပြီး လမ်းဘေးဆိုင်ကို တိုက်မိသဖြင့် ဆိုင်ရှင်သေဆုံး ထော်လာဂျီယာဉ်ဘရိတ်ပေါက်ပြီး လမ်းဘေးဆိုင်ကို တိုက်မိသဖြင့် ဆိုင်ရှင်သေဆုံး Reviewed by THITHTOOLWIN on 16:49 Rating: 5
Powered by Blogger.