ဟုမ္မလင်းမြို့နယ် နားနူးကျေးရွာတွင် ပစ်စတိုသေနတ်တစ်လက် နှင့် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ


စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ် နားနူးကျေးရွာတွင် ဇန်န၀ါရီ ၂၄ ရက်နေ့ နံနက် ၄ ရာရီအချိန်တွင် ပစ်စတိုသေနတ် တစ်လက်နှင့် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိကြောင်း သိရသည်။
"ကျွန်တော်တို့ အဖွဲ့ နဲ့ ပူးပေါင်းပြီးတော့ မူးယစ်ဆေးဝါးရောင်းချသူကို ဖမ်းခဲ့တာများပါပြီဗျ။ ဒီတစ်ကြိမ်ဖမ်းဆီးလိုက်တာတော့ ဖမ်းခဲ့သမျှထဲမှာ ဒီတစ်ကြိမ်အများဆုံးပါပဲဗျ။ဆပ်ပြာခွက် ၁၈ ခွက် ၊ ရာမ(စိတ်ကြွရူးသွပ်ဆေးပြား) ၉ ထုပ်၊တစ်ထုပ်ကို အလုံး ၂၀၀ နဲ့ ပစ်စတိုသေနတ် တစ်လက်နဲ့ အမျိုးသား တစ်ဦးနဲ့ အမျိုးသမီး နှစ်ဦးဖမ်းမိတာပါ" ဟု နောင်ပူအောင်ကျေးရွာ အုပ်ချုပ်ရေးမှုး ဦးစိုင်းသီဟက ရှမ်းနီအသံသို့ပြောသည်။


ဟုမ္မလင်းမြို့နယ် ရဲမှူး ၊မြို့နယ်အုပ်ချုပ်ရေးမှုး၊ ရေတပ်ဖွဲ့ ၊ မီးတပ်ဖွဲ့ ၊ နောင်ပူအောင်ကျေးရွာ မူးယစ်တိုက်ဖျက်ရေးအဖွဲ့ ၊ နန်ချောအုပ်စု ပင်ခုတ်ကျေးရွာ မူးယစ်တိုက်ဖျက်ရေးအဖွဲ့ ပါဝင်ပူးပေါင်းပြီး
နောင်ဖာမူ အုပ်စု နှင့် နားနူကျေးရွာတို့မှ ပူးပေါင်းဖမ်းဆီးခဲ့ကြောင်း ၎င်းကပြောသည်။

ဟုမ္မလင်းမြို့နယ် နားနူးကျေးရွာမှ ဦးညိုဝင်း အသက်(၃၅ )နှစ် အဖ ဦးတင်မောင် ၊မဆွေဇင် (ခေါ် ) မတင်အေး အသက်( ၃၅ )နှစ် အဖ ဦးမောင်တင် တို့နှင့် မကြည်အေး အသက် ( ၃၉ ) နှစ်
အဖ ဦးမောင်တင် တို့ထံမှ ပစ်စတို သေနတ်တစ်လက်နှင့် မူးယစ်ဆေးဝါးများကို ၎င်းတို့၏နေအိမ်အတွင်းဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

အဆိုပါ မူးယစ်ဆေးဝါးရောင်းချသူများကို မူးစိတ်ပုဒ်မ ၁၅/ဟုမ္မလင်းရဲစခန်း မရ ( ပ ၁၂/၂၀၁၇) မူး/စိတ် ၊ ၁၅ /၁၉ က/၂၀ က/၂၁/၂၂ ခ နှင့် အမှု နှစ်မှုဖြင့် တရားစွဲထားကြောင်း ဟုမ္မလင်းမြို့နယ်ရဲမူး ဦးကြည်စိုးက ပြောသည်။

မူးယစ်ဆေးဝါးရောင်းချသူ သုံးဦးကို ဖမ်းဆီးရမိရာတွင် မကြည်အေးထံတွင် ပစ်စတိုသေနတ်တစ်လက် ၊ ဘိမ်းဖြူဟု ယူဆရသော အဖြူနှင့်အမည်းရောင် အမုန့် ဆပ်ပြာခွက် ၁၂ ခွက်တို့ ဖမ်းဆီး ရမိခဲ့ပြီး ဦးညိုဝင်းနှင့်မဆွေဇင် (ခေါ် ) မတင်အေးထံမှ ဘိန်းဖြူဟုယူဆရသော ဖြူဝါရောင်မုန့်ဆပ်ပြာခွက် ၆ ခွက်နှင့်ငွေကျပ် တစ်ရာ့ခုသိန်းကျပ်တို့ကို ၎င်းတို့နေအိမ်တွင် ဖမ်းဆီးရမိသည်။

The Voice of Shan-Ni
ဟုမ္မလင်းမြို့နယ် နားနူးကျေးရွာတွင် ပစ်စတိုသေနတ်တစ်လက် နှင့် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ  ဟုမ္မလင်းမြို့နယ် နားနူးကျေးရွာတွင် ပစ်စတိုသေနတ်တစ်လက် နှင့် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 16:10 Rating: 5
Powered by Blogger.