အစ္စရေးဝန်ကြီးချုပ် လာဘ်စားတဲ့သက်သေ ရဲမှာရှိလို့ အစ္စရေး သတင်းစာပြော

မစ္စတာ နေတန်ယာဟုက အမည်မသိ စီးပွားရေးသမားတယောက်နဲ့ အပြန်အလှန် လိုက်လျောမှုတခု လုပ်ပေးဖို့ ဖုန်းနဲ့ ပြောဆိုမှုရှိတယ်လို့ သတင်းထွက်ခဲ့တာဖြစ်
အစ္စရေးဝန်ကြီးချုပ် ဘန်ဂျမင် နေတန်ယာဟုဟာ လာဘ်စားမှုတွေ ရှိခဲ့တယ်ဆိုတဲ့ အစ္စရေး သတင်းစာတစောင်ရဲ့ စွပ်စွဲချက်တွေကြောင့် ဖိအားတွေရှိနေပြီး အစ္စရေး ရဲတွေက သူ့ကို ၂ကြိမ် မေးမြန်းခဲ့ပါတယ်။

ဒီလို စွပ်စွဲချက်တွေဟာ အခြေအမြစ်မရှိဘူးလို့ မစ္စတာ နေတန်ယာဟုက အစောပိုင်းမှာ ပြောဆိုထားခဲ့တာ ဖြစ်ပါတယ်။

အခုလို စွပ်စွဲခဲ့တဲ့ သတင်းစာ ဟားရက်ဇ်ကတော့ လာဘ်စားမှု သက်သေ အသံဖိုင်ကို ရဲတွေ ရထားတယ်လို့ သူတို့ရဲ့ သတင်းစာမှာ ဖော်ပြထားခဲ့ပါတယ်။

ဒီအသံဖိုင်ထဲမှာ မစ္စတာ နေတန်ယာဟုက အမည်မသိ စီးပွားရေးသမားတယောက်နဲ့ အပြန်အလှန် လိုက်လျောမှုတခု လုပ်ပေးဖို့ ဖုန်းနဲ့ ပြောဆိုမှုရှိတယ်လို့ သတင်းတွေ ထွက်ခဲ့တာ ဖြစ်ပါတယ်။

ဒီစွပ်စွဲမှုတွေနဲ့ ပတ်သက်ပြီး တရားဝင် အတည်ပြုချက်တော့ ထွက်ပေါ်လာခြင်း မရှိသေးပါဘူး။

BBC Burmese
http://www.bbc.com/burmese
အစ္စရေးဝန်ကြီးချုပ် လာဘ်စားတဲ့သက်သေ ရဲမှာရှိလို့ အစ္စရေး သတင်းစာပြော အစ္စရေးဝန်ကြီးချုပ် လာဘ်စားတဲ့သက်သေ ရဲမှာရှိလို့ အစ္စရေး သတင်းစာပြော Reviewed by THITHTOOLWIN on 20:44 Rating: 5
Powered by Blogger.