ကုလလူ့အခွင့်အရေး ကိုယ်စားလှယ် ကချင်ပြည်နယ်အစိုးရအဖွဲ့နဲ့ တွေ့ဆုံ

( ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Ms.Yan Hee Lee ဟာ ကချင်ပြည်နယ်အစိုးရအဖွဲ့နဲ့ ဇန်နဝါရီလ ၉ ရက်နေ့က တွေ့ဆုံစဉ် ) Photo: Kyaw Myo Min/ RFA
ကချင်ပြည်နယ် ဖားကန့်ကျောက်စိမ်းဒေသမှာ အသက်မပြည့်တဲ့ အမျိုးသမီးငယ်တွေ လူ့အခွင့်အရေးချိုးဖောက်ခံရမှု ရှိမရှိကို ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စယန်ဟီးလီက ကချင်ပြည်နယ်အစိုးရ အဖွဲ့နဲ့ တွေ့ဆုံရာမှာ မေးမြန်းခဲ့ပါတယ်။

ဒီနေ့ မြစ်ကြီးနားမြို့က ပြည်နယ်အစိုးရအဖွဲ့ရုံးမှာ တွေ့ဆုံစဉ် မေးမြန်းခဲ့တာဖြစ်တယ်လို့ တွေ့ဆုံပွဲကို တက်ရောက်ခဲ့တဲ့ လီဆူတိုင်းရင်းသားရေးရာဝန်ကြီး ဦးအားတီယောဟန် က ပြောပါတယ်။

လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စယန်ဟီးလီဟာ ကချင်ပြည်နယ်ခရီးစဉ်အတွင်း ဖားကန့်နဲ့ လိုင်ဇာဘက်ကို သွားဖို့ စီစဉ်ထားပေမယ့် လုံခြုံရေးအခြေအနေအရ မသွားသင့်ကြောင်း ပြည်နယ် အစိုးရအဖွဲ့က ဆွေးနွေးပွဲမှာ အကြံပြုခဲ့ပါတယ်။

ဒီနေ့ တွေ့ဆုံပွဲကို ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင် မရှိတဲ့အတွက် လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး က ဦးဆောင်ပြီး တွေ့ဆုံခဲ့တာဖြစ်ပါတယ်။

မစ္စယန်ဟီးလီဟာ မြစ်ကြီးနားနဲ့ ၀ိုင်းမော်မြို့မှာ ရှိတဲ့ စစ်ဘေးဒုက္ခသည်စခန်းတွေကို မနက်ဖြန် သွားရောက်ဖို့ ရှိနေပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese
ကုလလူ့အခွင့်အရေး ကိုယ်စားလှယ် ကချင်ပြည်နယ်အစိုးရအဖွဲ့နဲ့ တွေ့ဆုံ  ကုလလူ့အခွင့်အရေး ကိုယ်စားလှယ် ကချင်ပြည်နယ်အစိုးရအဖွဲ့နဲ့ တွေ့ဆုံ Reviewed by THITHTOOLWIN on 19:09 Rating: 5
Powered by Blogger.