အမျိုးသားတစ်ဦး၏ အူမကြီးမှ အရှည် ၆-ပေ ရှိသော တုတ်ပိုးကောင်ကို ထုတ်ပေးခဲ့ရ


အိန္ဒိယနိုင်ငံတွင် ဆရာဝန်များက အမျိုးသားတစ်ဦး၏အူမကြီးအတွင်း တွယ်ကပ်နေထိုင်နေသည့် အရှည် ၆-ပေကျော်ရှိသော ၀က်တုတ်ပိုးကောင်ကို ထုတ်ယူဖယ်ရှားပေးခဲ့ရကြောင်း သိရသည်။

အဆိုပါတုတ်ပိုးကောင်မှာ Taenia Solium အမျိုးအစားဖြစ်ကြောင်း၊ အရှည်အားဖြင့် ၆.၆ ပေ ခန့် ရှိကြောင်း၊ ၄င်းမှာ အိန္ဒိယနိုင်ငံဆေးပညာသမိုင်းတွင် လူတစ်ဦး၏ခန္ဓာကိုယ်မှထုတ်ယူပေးခဲ့ရသော အရှည်ဆုံးတုတ်ကောင်ဖြစ်ကြောင်း၊ အဆိုပါအမျိုးသားမှာ အသက်အားဖြင့် (၄၈)နှစ်ဖြစ်ကြောင်း၊ ၀မ်းဗိုက် ပိုင်း နာကျင်သည့်ဝေဒနာကြောင့် ဆေးဝါးကုသမှုခံယူနေရသည်မှာ ၂-လထက်မနည်းကြာမြင့်နေခဲ့ပြီ ဖြစ်ကြောင်း၊ ဆရာဝန်များက အူမကြီးကိုမှန်ဘီလူးဖြင့်ကြည့်ရှုစစ်ဆေးခဲ့ရာ ပိုးကောင်တစ်ကောင်ကို စတင် တွေ့ ရှိခဲ့ခြင်းဖြစ်ကြောင်း၊ ဆက်လက်စစ်ဆေးမှုအရ တုတ်ကောင်ဖြစ်သည်ကို သိရှိခဲ့ကြောင်း၊ အူလမ်း ကြောင်းထဲသို့  ကင်မရာထည့်ကာ ထပ်မံစစ်ဆေးခဲ့ရာ တုတ်ကောင်သည် အူသေးတလျှောက်လုံး တည်ရှိ နေသည်ကို အံ့သြဖွယ်မြင်တွေ့ ခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုပါ တုတ်ကောင်ကို အမျိုးသားဖြစ်သူ၏ခံတွင်းမှ တစ်ဆင့် ဆွဲထုတ်ပေးခဲ့ရပြီး အရှည်မှာ ဖော်ပြထားသည့်အတိုင်း ၆ ပေ ကျော်နေခြင်းဖြစ်ကြောင်း သိရ သည်။

တုတ်ပိုးကောင်များသည် အရှည် ၁၁.၅ ပေအထိ ရှည်လျားနိုင်ကြောင်း၊ လူ၏အူလမ်းကြောင်းတွင် နှစ်ပေါင်းများစွာ ရှင်သန်နေထိုင်နိုင်ကြောင်း၊ တုတ်ကောင်များသည် ၄င်းတို့ တွယ်ကပ်တည်ရှိနေသော အချိန်ကာလအတွင်း မည်သည့်လက္ခဏာကိုမျှ ပြလေ့မရှိကြောင်း၊ ကာယကံရှင်သည် မိမိ၌တုတ်ကောင် ရှိနေမှန်း မသိနိုင်ကြောင်း၊ အချို့ ကိစ္စများတွင်သာ တုတ်ကောင်ကြောင့် ၀မ်းဗိုက်ပိုင်းနာကျင်မှုဖြစ်ပွားပြီး စမ်းသပ်မှုများအရ တုတ်ကောင်ရှိကြောင်းသိရှိကာ လိုအပ်သလို ကုသရခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါတုတ်ကောင်ကိုထုတ်ယူပြီးသည့်နောက် လူနာကို သံချဆေးတိုက်ကျွေးခြင်း၊ ကျန်ရှိနေနိုင်သေး သော တုတ်ကောင်များအား သုတ်သင်ရှင်းလင်းနိုင်ရန်ဆေးတိုက်ကျွေးခြင်း တို့ ကို ပြုလုပ်ခဲ့ရကြောင်း သိရ သည်။ တုတ်ကောင်များသည် ၀က်သားမှတစ်ဆင့် ခန္ဓာကိုယ်ထဲ သို့ ရောက်ရှိနိုင်ကြောင်း၊ ခန္ဓာကိုယ်ထဲတွင် အဖုလုံးလေးအဖြစ် စတင်တည်ရှိကြောင်း၊ ၄င်းအဖုမှာ ဦးနှောက်ထဲတွင်ပင် တည်ရှိနိုင်ကြောင်း၊ ယခုအခါ လူ့ ခန္ဓာကိုယ်တွင်း တုတ်ကောင်တွေ့ ရှိရမှုနှုန်းမှာ အမေရိကန်ပြည်ထောင်စုတွင်လည်း ယခင်ကထက် များနေကြောင်း သိရသည်။

ရတနာပုံ သတင်းစာ
https://www.facebook.com/yadanabonnewspaper/
အမျိုးသားတစ်ဦး၏ အူမကြီးမှ အရှည် ၆-ပေ ရှိသော တုတ်ပိုးကောင်ကို ထုတ်ပေးခဲ့ရ  အမျိုးသားတစ်ဦး၏ အူမကြီးမှ အရှည် ၆-ပေ ရှိသော တုတ်ပိုးကောင်ကို ထုတ်ပေးခဲ့ရ Reviewed by THITHTOOLWIN on 05:53 Rating: 5
Powered by Blogger.