ကန် သံအမတ်ကြီးတွေ ပြန်ခေါ်လိုက်ပြီ

( အမေရိကန် သမ္မတသစ် မစ္စတာထရမ့်ကိုတွေ့ရစဉ် )Photo: The Sun.com
မစ္စတာထရမ့်ရဲ့ သမ္မတရာထူးလွဲပြောင်းရယူရေးအဖွဲ့ က နိုင်ငံခြားတိုင်းပြည်တွေမှာရှိတဲ့ အမေရိကန် သံအမတ်ကြီးတွေကို သူသမ္မတအဖြစ်ကျန်းသစ္စာကျိန်ဆိုမယ့် လာမယ့် ဇန်နဝါရီလ ၂ဝ ရက်နေ့မှာ သူတို့ ရာထူးတာဝန်တွေကုန်ဆုံးပြီလို့ အကြောင်းကြားထားကြောင်း သိရပါတယ်။ ကန်နိုင်ငံခြားရေးဌာနကတော့ဒါဟာ လုပ်ရိုးလုပ်စဉ်ပဲလို့ ပြောပါတယ်။

ဒါပေမယ့် တခြား အမေရိကန် သမ္မတသစ်တွေဟာ ယေဘူယျအားဖြင့် သံအမတ်ကြီးတွေကိုသက်ဆိုင်ရာနိုင်ငံတွေမှာ သူတို့ သားသမီးတွေ ကျောင်းတက်ဆဲဖြစ်ရင် အချိန်အနည်းငယ်သို့ လအနည်းငယ် ဆက်လက်ထားလေ့ရှိပြီး ထရမ့်အဖွဲ့ကတော့ ချွင်းချက်မရှိ ရာထူးကထွက်ရမယ်လို့ ညွန်ကြားခဲ့တာဖြစ်တယ်လို့ ဝေဖန်သူတွေက ပြောပါတယ်။

အခု အမိန့်ကြောင့် ဗြိတိန်၊ ကနေဒါ၊ ဂျာမဏီစတဲ့ အရေးကြီးနိုင်ငံတွေမှာ အမေရိကန်အထက်လွှတ်တော်က သံအမတ်ကြီး အသစ်တွေကို အတည်မပြုခင် လနဲ့ချီပြီးလစ်လပ်နေလိမ့်မယ်လို့ နယူးယောက်တိုင်းမ်စ် သတင်းစာက ရေးပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese

ကန် သံအမတ်ကြီးတွေ ပြန်ခေါ်လိုက်ပြီ ကန် သံအမတ်ကြီးတွေ ပြန်ခေါ်လိုက်ပြီ Reviewed by THITHTOOLWIN on 12:22 Rating: 5
Powered by Blogger.