ချမ်း​အေးသာစံမြို့နယ်​အတွင်း ပိုက်ဆံအိတ် လုယူထွက်ပြေးသူ ၂ဦးဖမ်းဆီးရမိ


ဇန်​နဝါရီ ၈ရက်​ မွန်းလွဲ ၁နာရီအချိန်​ခန့်က မန္တ​လေးမြို့ ချမ်း​အေးသာစံမြို့နယ်​ရှိ အထက ၁၆ကျောင်းအနီးတွင်​ အမျိုးသမီးတစ်ဦးထံမှ ပိုက်ဆံအိတ် လုယူထွက်ပြေးသူ ၂ဦးအား
၂၇×၆၃လမ်းထောင့်တွင် ဆိုင်​ကယ်​ချင်းတိုက်​မိရာမှ အမှတ်​ ၃ နယ်​​မြေရဲစခန်းမှ လှည့်​ကင်းတာဝန်​​ဆောင်​ရွက်​​နေ​သော ရဲတပ်​ဖွဲ့ဝင်​များက ဖမ်းဆီးရမိသည်​။


၎င်းတို့ ၂ဦးအား စစ်​​ဆေးရာ လုယက်​သူနှစ်​ဦးမှာ ​ဝေယံ​အောင်​ ၂၁နှစ်​နှင့်​ သိန်းမင်းထက်​ ၂၄နှစ်​တို့ဖြစ်​ကြပြီး ဆိုင်​ကယ်​တိုက်​မှု​ကြောင့်​ ဆိုင်ကယ် မောင်းနှင်လာသူ သိန်းမင်းထက်​မှာ ဝဲခြေထောက်ကျိုး ဒဏ်ရာရရှိကာ နောက်မှထိုင်စီးသူ ​ဝေယံ​အောင်​၏ ခါးကြားမှ အရိုးအသွား ၁၂လက်မခန့်ရှိ ဓားအိမ်​ပါ ဓားဦးချွန်​ ၁ချောင်းနှင့်​ လုယူလာသော ပိုက်ဆံအိတ်တို့ကို သိမ်းဆည်းရမိသည်​။

ဒဏ်​ရာရရှိသူအား ​ဆေးရုံကြီးသို့ ပို့​ဆောင်​ ​ဆေးဝါးကုသမှု ခံယူလျက်​ရှိကာ ဆက်​လက်​၍ ဥပ​ဒေအရ အမှုဖွင့်​အရေးယူ​ဆောင်​ရွက်​ လျက်​ရှိ​ကြောင်း သိရသည်​။

ALN
The Mandalay News Journal
https://www.facebook.com/TheMandalayNewsJournal/
ချမ်း​အေးသာစံမြို့နယ်​အတွင်း ပိုက်ဆံအိတ် လုယူထွက်ပြေးသူ ၂ဦးဖမ်းဆီးရမိ ချမ်း​အေးသာစံမြို့နယ်​အတွင်း ပိုက်ဆံအိတ် လုယူထွက်ပြေးသူ ၂ဦးဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 21:13 Rating: 5
Powered by Blogger.