ထိုင်းရေဘေး သေဆုံးသူ ၁၉ ဦး ရှိပြီ

ထိုင်းနိုင်ငံတောင်ပိုင်းရေကြီနေ
ထိုင်းနိုင်ငံတောင်ပိုင်းမှာ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့တဲ့အတွက် လူ ၁၉ ဦး သေဆုံးခဲ့ရတယ်လို့ ထိုင်းအစိုးရ အာဏာပိုင်တွေက ပြောပါတယ်။

မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီးနောက် ခရိုင် ၁၀ ခုမှာ ရေလွှမ်းမိုးမှု ဖြစ်ပွားခဲ့ပြီး အိမ်ထောင်စုပေါင်း ၂ သိန်း ၈ သောင်းကျော်ကို သက်ရောက်မှု ဖြစ်စေခဲ့တယ်လို့ ထိုင်းနိုင်ငံ ဘေးအန္တရာယ် လျှော့ချ ကာကွယ် တားဆီးရေး ဌာန က ထုတ်ပြန်ပါတယ်။

မီးရထားပို့ဆောင်ရေး လမ်းကြောင်းတွေ တော်တော်များများ ဆက်လက်ရပ်ဆိုင်းထားရဆဲဖြစ်ပြီး Nakhon Si Thammarat လေဆိပ်ကို ဒီကနေ့ တနင်္လာနေ့ ၊ ဇန်န၀ါရီလ ၉ ရက်နေ့အထိ ပိတ်ထားပါတယ်။

ဇန်န၀ါရီလ ၉ ရက်နေ့ထိ ထိုင်းနိုင်ငံတောင်ပိုင်းမှာ နေရာကွက်ကျား ထစ်ချုန်းမိုးသည်း ထန်စွာရွာသွန်းမှုတွေ မိုးသက်လေပြင်း တိုက်ခတ်မှုတွေ ဆက်လက် ဖြစ်ပွားနေမယ်လို့ ထိုင်းမိုးလေ၀သ ဌာနရဲ့ ခန့်မှန်းချက်မှာ ဖေါ်ပြထားပါတယ်။

ဘန်ကောက်မြို့တော်နဲ့ ကားလမ်းဆက်သွယ်ရေးတွေ ပြန်လည်ဖွင့်လှစ်လိုက်ပြီဖြစ်ပေမဲ့ Nakhon Si Thammarat ၊ Trang ၊ Surat Thani အစရှိတဲ့ ဒေသတွေက လမ်းမကြီးတချို့မှာ ရေလွှမ်းနေတာကြောင့် ကွေ့ပတ်သွားနေကြရပါတယ်။

မြန်မာနိုင်ငံ မိုးလေ၀သနဲ့ ဇလဗေဒ ဦးစီးဌာနကလည်း ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနှင့် ဆက်စပ်နေတဲ့ ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်း ရပ်ဝန်းဟာ ပိုမိုအားကောင်းလာပြီး နောက် ၄၈ နာရီအတွင်း မုန်တိုင်းငယ်အဖြစ် ပြောင်းသွားနိုင်ကြောင်း တနင်္သာရီတိုင်းဒေသကြီး၊ မွန်ပြည်နယ် ရန်ကုန်တိုင်းဒေသကြီးနှင့်‌ ကရင်ပြည်နယ်တို့မှာ ဒီကနေ့ နေရာကွက်ပြီး မိုးထစ်ချုန်းရွာမယ်လို့ ခန့်မှန်းချက်ထုတ်ပြန်ထားပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
ထိုင်းရေဘေး သေဆုံးသူ ၁၉ ဦး ရှိပြီ ထိုင်းရေဘေး သေဆုံးသူ ၁၉ ဦး ရှိပြီ Reviewed by THITHTOOLWIN on 06:49 Rating: 5
Powered by Blogger.