ဘားအံ-သထုံကားလမ်း တံတားအုတ်ဘောင်ဝင်တိုက်သည့် မှန်လုံယာဉ်ငယ် တိမ်းမှောက်မှုဖြစ်ပွား


ဘားအံ ဇန် ၂၆

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ဘားအံ-သထုံကားလမ်းတွင် ဇန်န၀ါရီလ (၂၆)ရက်နေ့ နံနက် (၀၀၃၀)နာရီအချိန်တွင် တံတားအုတ်ဘောင်လက်ရမ်းအား မှန်လုံယာဉ်တစ်စီးမှ ၀င်တိုက်မိကာ ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားကြောင်း သတင်းအရ မြိုင်ကလေးရဲကင်းစခန်းမှူး ရဲအုပ် ၀င်းနိုင်ဦးစီးအဖွဲ့မှ သက်သေများဖြင့် သွားရောက် စစ်ဆေးခဲ့သည်။

ဖြစ်စဉ်မှာ ဇန်န၀ါရီလနံနက်(၀၀၃၀)နာရီ အချိန်ခန့်တွင် ဘားအံ-သထုံကားလမ်းအတိုင်း သထုံဘက်မှ ဘားအံဘက်သို့ ယာဉ်မောင်းအောင်မင်းကို၊ ၂၁နှစ်၊(ဘ)ဦးတင်ထွန်း၊ အမှတ်(၇) မြို့ဦးကင်းရပ်ကွက်၊ ပဲခူးမြို့၊ ပဲခူးတိုင်းဒေသကြီးနေသူ မောင်းနှင်သည့် 7M-XXXX HYUNDAI ခဲရောင်မှန်လုံယာဉ်အသေးသည် မိုင်တိုင် အမှတ် (၁၆/၄)အနီး၊ တံတားအမှတ်(၁၇/၂)အရောက် အရှိန်မထိန်းနိုင်သဖြင့် တံတားအုတ်ဘောင် လက်ရမ်းတန်းအား ၀င်ရောက်တိုက်မိခဲ့ပြီး တိမ်းမှောက်ခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးသိရှိရသည်။

ယာဉ်တိမ်းမှောက်မှုကြောင့် မည်သူတစ်ဦးတစ်ယောက်မျှ ဒဏ်ရာရရှိခဲ့ခြင်း မရှိသော်လည်း ယာဉ်မှာ ရှေ့လေကာမှန်ကွဲ၊ ယာဘက်ရှေ့မီးကြီးပြုတ်ထွက်၊ ၀ဲဘက်တံခါး မှန်ကွဲ/ပိန်ချိုင့်ပျက်စီးကာ ဆုံးရှုံးမှုတန်ဘိုး (၅၀၀၀၀၀ိ)ကျပ်ခန့် ပျက်စီး ဆုံးရှုံသွားခဲ့ပြီး တံတားအုတ်ဘောင် လက်ရမ်းမှာ (၅)ပေခန့် ပျက်စီသွားပြီး ဆုံးရှုံမှု တန်ဘိုး(၂၀၀၀၀၀)ကျပ်ခန့် ပျက်စီးသွားကြောင်း သိရသည်။

ထို့နောက် စခန်းမှူး ရဲအုပ် ၀င်းနိုင်မှ တံတားပျက်စီးမှုနှင့် ပတ်သက်၍ သက်ဆိုင်ရာဌာနသို့ အကြောင်း  ကြားထားပြီး ယာဉ်မဆင်မခြင်မောင်းနှင်သူ အောင်မင်းကိုအား ဘားအံမြို့မရဲစခန်းသို့ ဥပဒေနှင့်အညီအမှုဖွင့် အရေးယူဆောင်ရွက်ရန်အတွက် ဆက်လက်ဆောင်ရွက် လျှက်ရှိကြောင်း မြိုင်ကလေးရဲစခန်းမှ သိရသည်။

မင်းသူ/ထွန်းထွန်းထွေး(ဘားအံ)
ဘားအံသတင်း
https://www.facebook.com/Hpaannews.kayin/
ဘားအံ-သထုံကားလမ်း တံတားအုတ်ဘောင်ဝင်တိုက်သည့် မှန်လုံယာဉ်ငယ် တိမ်းမှောက်မှုဖြစ်ပွား  ဘားအံ-သထုံကားလမ်း တံတားအုတ်ဘောင်ဝင်တိုက်သည့် မှန်လုံယာဉ်ငယ် တိမ်းမှောက်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 20:44 Rating: 5
Powered by Blogger.