မြစ်ကြီးနားမြို့ဂေါက်ကွင်းအနီး ကားတစ်​စီး မီး​လောင်​​ပေါက်​ကွဲမှုဖြစ်ပွား


ဇန်နဝါရီ ၈ရက်

ကချင်ပြည်နယ် မြစ်​ကြီးနားမြို့ သီတာရပ်​ကွက်​ရှိ ​ဂေါက်​ကွင်းအနီးတွင်​ ဇန်န၀ါရီလ (၇)ရက်နေ့ ည ၁၁နာရီ ၄၅မိနစ်​အချိန်​က ကား တစ်စီး မီး​လောင်​​ပေါက်​ကွဲမှု ဖြစ်​ပွားခဲ့သည်​။

အသက်​ ၄၀အရွယ်​ အမျိုးသားတစ်​ဦး ​မောင်းနှင်​လာသည့်​ ဆလွန် ​ကားအမျိုးအစားသည်​ လမ်းလယ်​ကျွန်းအားဝင်​တိုက်​ကာ ဆီတိုင်​ဂီ ​ပေါက်​၍ ယခုကဲ့သို့ မီး​လောင်​​ပေါက်​ကွဲခဲ့ခြင်း ​ဖြစ်​​ကြောင်း သီတာ ရပ်​ကွက်​အုပ်​ချုပ်​​ရေးမှူး ကိုဝင်း​ဇော်​ဦးမှသိရသည်​။

ထို့ပေါက်ကွဲ မှုတွင် လူတစ်​ဦးတစ်​​ယောက်​မှ ​ထိခိုက်၊ ​သေဆုံးခြင်းမရှိဘဲယာဉ်​​မောင်းအား ယာဉ်​မဆင်​မခြင်​​မောင်းနှင်​မှုဖြင့်​အ​ရေးယူထား​ကြောင်းလဲသိရသည်​။

Salai
Photo by: Bo Aung Din
Myitkyina News Journal
https://www.facebook.com/myitkyinanewsjournal.mm
မြစ်ကြီးနားမြို့ဂေါက်ကွင်းအနီး ကားတစ်​စီး မီး​လောင်​​ပေါက်​ကွဲမှုဖြစ်ပွား  မြစ်ကြီးနားမြို့ဂေါက်ကွင်းအနီး ကားတစ်​စီး မီး​လောင်​​ပေါက်​ကွဲမှုဖြစ်ပွား Reviewed by THITHTOOLWIN on 10:19 Rating: 5
Powered by Blogger.