ရခိုင်ပါတီသစ် တည်ထောင် ဖို့ ဆွေးနွေးနေတာကို တောင်ကုတ် မြို့ခံတွေ ကန့်ကွက်ဆန္ဒပြ

ရခိုင်ပါတီသစ် တည်ထောင်ဖို့ ဆွေးနွေးနေတာကို ဇန်နဝါရီလ ၈ ရက်နေ့က တောင်ကုတ်မြို့ခံတွေ ကန့်ကွက်ဆန္ဒပြနေစဉ်။ Photo: ရိုးမသစ္စာ/ Facebook
ရခိုင်ပြည်နယ်မှာ ရခိုင်ပါတီသစ်တစ်ခု ထပ်မံထူထောင်ဖို့ ကြိုးပမ်းနေတာကို တောင်ကုတ်မြို့မှာ ဒေသခံ ၁၀၀ ကျော်က ဒီနေ့ ကန့်ကွက်ဆန္ဒပြခဲ့ပါတယ်။

ရခိုင်ပြည်နယ်မှာ ရခိုင်ပါတီတစ်ခုတည်းသာရှိဖို့ လိုလားတယ်လို့ ဆန္ဒပြပွဲဦးဆောင်တဲ့ တောင်ကုတ် မြို့ခံ ဦးမောင်မောင်သက်က ပြောပါတယ်။

ရခိုင်အမျိုးသားပါတီ(ANP)ကနေ ထုတ်ပယ်ခံထားရတဲ့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်ဟောင်းတွေ က ပါတီသစ်ထူထောင်ရေးအတွက် တောင်ကုတ်မြို့မှာ မနေ့ကနေ ဒီနေ့အထိ နှစ်ရက်ကြာ ဆွေးနွေး နေကြတာဖြစ်ပါတယ်။

အဲဒီလို ပါတီသစ်ထူထောင်ဖို့ကြိုးပမ်းနေတာဟာ ရခိုင်တစ်မျိုးသားလုံးရဲ့ စည်းလုံးမှုကိုပြိုကွဲအောင် လုပ်ဆောင်နေတာဖြစ်တယ်လို့ ဆန္ဒပြသူတွေက ပြောပါတယ်။

ဆန္ဒပြပွဲကို ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင်ဟောင်းတွေ အစည်းအဝေးပြုလုပ်နေတဲ့ တောင်ကုတ် မြို့နယ် ခန်းမအနီးမှာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese
ရခိုင်ပါတီသစ် တည်ထောင် ဖို့ ဆွေးနွေးနေတာကို တောင်ကုတ် မြို့ခံတွေ ကန့်ကွက်ဆန္ဒပြ ရခိုင်ပါတီသစ် တည်ထောင် ဖို့ ဆွေးနွေးနေတာကို တောင်ကုတ် မြို့ခံတွေ ကန့်ကွက်ဆန္ဒပြ Reviewed by THITHTOOLWIN on 21:10 Rating: 5
Powered by Blogger.