ဇန်နဝါရီ ၁၇/DMG
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ နယ်မြေ (၃) ရဲအောင်ချောင်းကျေးရွာနေ ရာအိမ်မှူးဟောင်းတစ်ဦးဖြစ်သူ ဖွေယာ(ခ)ဖွေယာဇူဟောက်ကို ဘောင်းဘီအနက်ရောင် ဝတ်ဆင်ထားသည့် ၄ ဦးက အိမ်မှခေါ်ယူသွားခဲ့ကာ အိမ်သို့ပြန်လည်ရောက်ရှိခြင်းမရှိဘဲ ပျောက်ဆုံးလျက်ရှိနေကြောင်း ဇန်နဝါရီလ ၁၆ ရက်နေ့က နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေး ကော်မတီက သတင်းထုတ်ပြန်သည်။
နယ်မြေ (၃) ရဲအောင်ချောင်းကျေးရွာနေ ရာအိမ်မှူးဟောင်းဖွေယာ(ခ)ဖွေယာဇူဟောက်သည် ပုဇွန်ကန်လုပ်ငန်း လုပ်ကိုင်နေသူဖြစ်ပြီး ဇန်နဝါရီလ ၁၄ ရက်နေ့ ညအချိန် ၁၁ နာရီက အမည်မသိသူ(၄)ဦးက ပုဇွန်ကန်အား ဝယ်ယူရန်အတွက် အိမ်မှခေါ်ယူခဲ့ကာ အိမ်သို့ ပြန်လည်ရောက်ရှိလာခဲ့ခြင်းမရှိကြောင်း သိရသည်။
ဖွေယာ(ခ)ဖွေယာဇူဟောက်သည် ဇန်နဝါရီလ ၁၅ ရက်နေ့၊မွန်းလွဲ ၂ နာရီကျော်အချိန်ထိ အိမ်သို့ ပျောက်လည် ရောက်ရှိလာခဲ့ခြင်း မရှိသေးသည့်အတွက် ဇနီးဖြစ်သူက တောင်ပြိုနယ်မြေရဲစခန်းသို့ လာရောက်အမှုဖွင့်တိုင်တန်းထားခဲ့ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေး ကော်မတီက သတင်းထုတ်ပြန်သည်။
ဓာတ်ပုံ- နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေး ကော်မတီ
Development Media Group
https://www.facebook.com/dmgnewsagency/
မောင်တောမှာ ရာအိမ်မှူးဟောင်းတစ်ဦးပျောက်ဆုံးနေ
Reviewed by THITHTOOLWIN
on
10:39
Rating:
