ကျီးကန်ပြင်ရှိ နယ်ခြားစောင့်ရဲကွပ်ကဲမှုဌာနချုပ်အား အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်တွင် ပါဝင်သူ ဘင်္ဂါလီများအား ဖမ်းဆီးရမိ


နေပြည်တော်၊ ဇန်န၀ါရီ ၇

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်နေသည့် တပ်မတော်စစ်ကြောင်းနှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မြစ်နားကျေးရွာ၌ ၂၀၁၆ ခုနှစ် အောက်တိုဘာ ၉ ရက် ကျီးကန်ပြင် အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်တွင် ပါဝင်သူများ ခိုအောင်းနေကြောင်းသတင်းအရ ယနေ့မွန်းလွဲ ၂ နာရီခွဲခန့်တွင် မြစ်နားကျေးရွာသို့ သွားရောက်ရှာဖွေစစ်ဆေးစဉ် ဘော်နီအာမီ(ဘ) မိုနီဇာမာ အား ၎င်း၏နေအိမ်တွင် ဖမ်းဆီးရမိခဲ့သည်။

ဖမ်းဆီးရမိဘင်္ဂါလီအား စစ်ဆေးမေးမြန်းချက်အရ ၎င်းနှင့်တစ်ရွာတည်းနေ မာမောက်ဖွေရာ(ဘ) နာဇီအာမောက် သည်လည်း ဖြစ်စဉ်တွင်ပါဝင်သူတစ်ဦးဖြစ်ကြောင်း သိရှိရသဖြင့် မာမောက်ဖွေရာအား ၎င်း၏နေအိမ်၌ သွားရောက်ဖမ်းဆီးခဲ့သည့်။ ထို့ပြင် အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်တွင် ပါဝင်သူများအတွက် ငွေကြေးထောက်ပံ့ပေးသူ ဆေးအိုးပြင်ကျေးရွာနေ အဒူလာကိန်း(ဘ)အဒူဆော်လန် အား သွားရောက်ဖမ်းဆီးရာ ၎င်း၏နေအိမ်၌ပင် ထပ်မံဖမ်းဆီးရမိခဲ့သည်။

အလားတူ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် တောင်ပြိုလက်ဝဲမြို့၊ အမှတ်(၂)ရပ်ကွက်မှ တာဝန်ရှိသူများပါဝင် သော ပူးပေါင်းအဖွဲ့သည် မြို့အတွင်း လှည့်ကင်းဆောင်ရွက်စဉ် အမှတ်(၁)ရပ်ကွက်၌ ကြက်ရိုးပြင်ကျေးရွာနေ မသင်္ကာဖွယ် မာမတ်ရော်ဖီး(ဘ)နိုဇူမျာ အား ထပ်မံဖမ်းဆီးရမိခဲ့သည်။

ဖမ်းဆီးရမိဘင်္ဂါလီများအား သက်ဆိုင်ရာမြို့နယ်ရဲစခန်းများသို့ စနစ်တကျ လွှဲပြောင်းအပ်နှံသွားမည် ဖြစ်ကြောင်းနှင့် တပ်မတော်စစ်ကြောင်းနှင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် နယ်မြေရှင်းလင်းရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
https://www.facebook.com/Cincds/
ကျီးကန်ပြင်ရှိ နယ်ခြားစောင့်ရဲကွပ်ကဲမှုဌာနချုပ်အား အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်တွင် ပါဝင်သူ ဘင်္ဂါလီများအား ဖမ်းဆီးရမိ  ကျီးကန်ပြင်ရှိ နယ်ခြားစောင့်ရဲကွပ်ကဲမှုဌာနချုပ်အား အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်တွင် ပါဝင်သူ ဘင်္ဂါလီများအား ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 19:52 Rating: 5
Powered by Blogger.