ဝန်ကြီးချုပ် မန်းဂျော်နီ ဆေးရုံမှ ဆင်းပြီးနောက် တာဝန်ပြန်လည် ထမ်းဆောင်


(ပုသိမ်) ဇန်နဝါရီ ၂၆ ရက်

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမန်းဂျော်နီမှာ ယာဉ်တိုက် မှုကြောင့် ဆေးကု သမှု ခံယူနေရာမှ ဒဏ်ရာသက်သာလာသည့် အတွက် ဆေးရုံမှဆင်းပြီး ယမန်နေ့ကစတင်၍ ရုံးတက်ကာ တာဝန်ထမ်းဆောင်နေကြောင်း သိရသည်။

'ဝန်ကြီးချုပ်က ၂၂ ရက်နေ့က ဆေးရုံကဆင်းပြီးတော့ ရန်ကုန်မှာ ၂ ရက်လောက်နားပြီး ၂၅ ရက်နေ့မှာ ရုံးပြန်တက်တယ်။ ယာဉ်တိုက်မှုကြောင့် လည်ပင်းအရိုး ထိခိုက်သွားတော့ လည်ပင်းအကာ တပ်ထားရတယ်။ ဒဏ်ရာအကင်းမသေခင် ငုံ့ကြည့်တာ မော့ကြည့်တာစတဲ့ လည်ပင်းရိုး လှုပ်ရှားတာတွေ ဖြစ်မှာစိုးလို့လေ'ဟု ဝန်ကြီးချုပ် ဦးမန်းဂျော်နီ၏ ကိုယ်ရေးအရာရှိ ဦးဇာနည်မောင်က ဧရာဝတီတိုင်းမ်ကို ပြောသည်။


ဝန်ကြီးချုပ် ဦးမန်းဂျော်နီမှာ ယခုလ ၇ ရက်နေ့က နေပြည်တော်သို့ အစည်းအဝေးတက်ရန်အသွား ရန်ကုန် ပုသိမ် ကားလမ်းပေါ်တွင် တက္ကစီနှင့် ရွှေတော်ဝင်ယာဉ်လိုင်းတို့ကြောင့် ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ပြီး ယာဉ်တိုက်မှုဖြစ်စေခဲ့သည့် တက္ကစီ ကားမောင်းသူနှင့် ရွှေတော်ဝင်ယာဉ်လိုင်း မောင်းနှင်သူတို့အား တရားစွဲဆို အရေးယူနိုင်ရေး လုပ်ဆောင်နေကြောင်း သိရသည်။

ဓာတ်ပုံ - မန်းဂျော်နီ Facebook
Ayeyarwaddy Times
https://www.facebook.com/ayetimes
ဝန်ကြီးချုပ် မန်းဂျော်နီ ဆေးရုံမှ ဆင်းပြီးနောက် တာဝန်ပြန်လည် ထမ်းဆောင်   ဝန်ကြီးချုပ် မန်းဂျော်နီ ဆေးရုံမှ ဆင်းပြီးနောက် တာဝန်ပြန်လည် ထမ်းဆောင် Reviewed by THITHTOOLWIN on 18:05 Rating: 5
Powered by Blogger.