မိုးကောင်း ၊ ဇန္နဝါရီ - ၁၈
ကချင်ပြည်နယ်၊ မိုးကောင်းမြို့ အရှေရပ်အောက်ချိုင့်နေ ဦးအောင်နိုင်မြင့် (ရ/၁၆၀)နေအိမ်မှစ၍ ဇန်န၀ါရီလ(၁၈)ရက်နေ့ ယနေ့နံနက် ၉.၄၅နာရီအချိန်တွင် မီးစတင်လောင်ကျွမ်းရာမှ ၁၀.၁၀ အချိန်တွင် မီးငြိမ်းသတ်နိုင်ခဲ့သည်။
၎င်း နေအိမ်မှ ယာဘက်တစ်အိမ် ဘယ်ဘက်နှစ်အိမ် ပေါင်း ၄ အိမ် မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်သည်။
မီးလောင်ကျွမ်းရာသို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဦးဝင်းနိုင်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဒေါ်ခင်မကြီး၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်ဒေါ်မြသွေးစံ၊ မြို့ နယ်အုပ်ချုပ်ရေးမှူးဦးစည်သူအောင်၊
မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးဝင်းမြင့်အောင်၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ တပ်မတော်သားများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ ပါဝင်ငြိမ်းသတ်ခဲ့ကြသည်။
ဝင်းနိုင် (ကချင်မြေ)
မိုးကောင်းသတင်းမီဒီယာ
https://www.facebook.com/mogaungnews.media
ကချင်ပြည်နယ်၊ မိုးကောင်းမြို့တွင် မီးလောင်ကျွမ်းမှုဖြစ်
Reviewed by THITHTOOLWIN
on
11:25
Rating:
