ဇန်နဝါရီ ၁၉ ရက် နံနက် ၂ နာရီခန့်က ကြည့်မြင်တိုင်ကမ်းနားလမ်းအတိုင်း မြောက်ဘက်မှ တောင်ဘက်သို့ ယာဉ်မောင်း ရဲလေး(ခ)ရဲမြင့် (၂၃ နှစ်) လှိုင်သာယာမြို့နယ်နေသူ မောင်းနှင်လာသည့်4G/---- မီနီဘတ်(စ်) စိမ်း/နီ(၅၆)လိုင်းကားယာဉ်သည် အမှတ်(၁)သစ်စက် လမ်းထိပ်သို့ အရောက်တွင် လမ်းဖြတ်ကူးသူ ဦးမြင့်နိုင် အသက်(၄၉ နှစ်)ကို တိုက်မိခဲ့သည်။
လူကို တိုက်မိပြီသော်လည်း ရပ်တန့်ခြင်းမရှိဘဲ မောင်းနှင်သွားသည့် မီနီဘတ်စ်နောက်သို့ လှည့်ကင်းလှည့်နေသည် ကြည့်မြင်တိုင်မြို့မရဲစခန်းမှ တပ်ကြပ်တင်ဝင်းစိန်နှင့်အဖွဲ့က လိုက်လံ ဖမ်းဆီးခဲ့ရာ တီးတန်းကွန်တင်နာဝင်းရှေ့တွင် ယာဉ်နှင့် ယာဉ်မောင်းသူအား ဖမ်းမိခဲ့ပြီး ယာဉ်ထိန်းတပ်ဖွဲ့သို့ အပ်နှံပေးခဲ့သည်။
ယာဉ်အတိုက်ခံရမှုကြောင့် ဦးမြင့်နိုင်သည် နောက်စေ့ စုတ်ပြဲ၊ ဝဲဘက်နားထင်ဖူးယောင်ဒဏ်ရာဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် အတွင်းလူနာအဖြစ် ဆေးကုသမှု ခံယူနေရသည်။
ယာဉ်တိုက်မှုအား အမှတ်(၇) ယာဉ်ထိန်းရဲဒုတိယတပ်ဖွဲ့ခွဲမှူး (ရန်ကုန်၊ အနောက်)မှ ရဲအုပ်ဇော်မျိုးထိုက်မှ ယာဉ်အား မဆင်မခြင် မောင်းနှင်သူ ရဲလေး(ခ)ရဲမြင့်အား ကြည့်မြင်တိုင်မြို့မရဲစခန်းတွင် အမှုဖွင့်တိုင်းကြားထားလျက်ရှိသည်။
ကိုကြီးတင်
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
လမ်းဖြတ်ကူးသူအား တိုက်ပြီး ထွက်ပြေးသည့် ယာဉ်အား လှည့်ကင်းအဖွဲ့ လိုက်လံဖမ်းဆီး
Reviewed by THITHTOOLWIN
on
19:31
Rating:
