ချမ်းအေးသာစံမြို့နယ်မှာ ရဲတပ်ဖွဲ့ဝင်တစ်ဦး ကားတိုက်ခံရပြီး သေဆုံး


မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်မှာ ဇန်န၀ါရီလ (၂၆)ရက်နေ့  ဒီကနေ့ မနက်အစောပိုင်းက ကားတစ်စီး မတော်တဆဖြစ်ရာကနေ ရဲတပ်ဖွဲ့ဝင်တစ်ဦးကို တိုက်မိပြီး သေဆုံးမှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။


ဒီကနေ့မနက် (၂)နာရီဝန်းကျင်က ယာဉ်မောင်းဘိုဘိုကျော်ဆိုသူ မောင်းနှင်လာတဲ့ နစ်ဆန်းကားဟာ ချမ်းအေး သာစံမြို့နယ် (၇၃)လမ်း (၂၇)×(၂၈)ကြားမှာ ရှေ့ကကားတစ်စီးကို
ကျော်တက်စဉ် ချိတ်မိကာ လမ်းဘေးမှာ ရပ်ထားတဲ့ကားကို တိုက်မိပြီး လုံခြုံရေးယူနေတဲ့ ဒုတပ်ကြပ်တစ်ဦးကို တိုက်မိခဲ့တာဖြစ်တယ်လို့ အမှတ်(၃)နယ်မြေရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ရဲအုပ်ကျော်ထက်က ပြောပါတယ်။


 တိုက်မိခဲ့တဲ့ ဒဏ်ရာကြောင့် ဒုတပ်ကြပ်ဟာဆေးရုံမှာ သေဆုံးခဲ့တယ်လို့ သိရပါတယ်။ ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ယာဉ်မောင်း ဘိုဘိုကျော်ကိုအမှတ်(၃)နယ်မြေရဲစခန်းက အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။

ဓာတ်ပုံ - Maw Kon
5 Plus News
https://www.facebook.com/5plusnews
ချမ်းအေးသာစံမြို့နယ်မှာ ရဲတပ်ဖွဲ့ဝင်တစ်ဦး ကားတိုက်ခံရပြီး သေဆုံး  ချမ်းအေးသာစံမြို့နယ်မှာ ရဲတပ်ဖွဲ့ဝင်တစ်ဦး ကားတိုက်ခံရပြီး သေဆုံး Reviewed by THITHTOOLWIN on 17:01 Rating: 5
Powered by Blogger.