ဆီ​ဘောက်​ဆာယာဉ်​ အ​ကြော်​တဲအား ဝင်​​ရောက်​တိုက်​မိ

(၈) ဘီးကား ဆီ​ဘောက်​ဆာယာဉ်​ ကားဘရိတ်​​ပေါက်​ပြီး ပု​လောမြို့နယ်​၊ ပလ​ကျေးရွာလမ်းဆုံရှိ အ​ကြော်​တဲအား ဝင်​​ရောက်​တိုက်​မိ
၂၇-၁-၂၀၁၇

(၂၇-၁-၂၀၁၇)ရက်​​နေ့(၁၄၁၅)အချိန်​ ပု​လောမြို့ ဘက်မှ မြိတ်​မြို့ဘက်သို့ ယာဉ်​​မောင်း ဦးခင်​​မောင်​​ငွေ (၄၇)နှစ်​(ဘ)ဦး​ကျော်​ရှိန်​၊ ၁၂ /လမန(နိုင်​ )၁၃၁၄၇၀၊ ဗမာ/ဗုဒ္ဓ၊ ရတနာပုံလမ်း ၊ သာ​ကေတမြို့နယ်​ ​နေသူ​မောင်းနှင်​ပြီး ယာ​ဉ်​နောက်​လိုက်​ ဦးတင်​ထွန်း​အောင်​(၃၈) နှစ်​၊ (ဘ)ဦးကြည်​ သာ​ကေတမြို့နယ်​၊ (၁၀၈) ​တောင်​ဘုရား​ရှေ့ (၁၀)ရပ်​ကွက်​​နေသူ လိုက်​ပါ လာသည့်​ B/3456 (ဖူဆို )(၈)ဘီးကား၊ အနီ​ရောင်​ဆီပါ ​ဘောက်​ဆာယာဉ်​သည်​ တနင်္သာရီတိုင်​​ဒေသကြီး၊ မြိတ်​ခရိုင်​ ၊ ပု​လောမြို့နယ်​၊ ပလ​ကျေးရွာ လမ်းဆုံသို့အ​ရောက်​ ကားဘရိတ်​​ပေါက်​ကာ အရှိန်​မထိန်းနိုင်​ဘဲ ကားလမ်း​ဘေးရှိ ​ဒေါ်ချစ်​ကြွယ်​ (၆၄)နှစ်​ (ဘ)ဦး​ကျော်​လှိုင်​၏ ဓနိမိုး၊ထရံကာ၊ အ​ကြော်​​ရောင်းသည့်​တဲအား ဝင်​​ရောက်​တိုက်​မိခဲ့​ကြောင်းသိရှိရသည်​ ။


ထိုသို့ တိုက်​မိမှု​ကြောင့်​ ​ဒေါ်ချစ်​ကြွယ်​၏ ​မွေးစား သမီး မလင်းသူဇာ (၂၃)နှစ်​၊ ဦးဝင်းလှိုင်​၊ ​ဈေး​ရောင်း သူတွင်​ ဝဲ/ယာဒူး​ခေါင်း ပွန်းပဲ့ဒဏ်​ရာ ၊ ဝဲပါးညိုမဲဒဏ်​ရာ၊ ဦး​ခေါင်း​နှောက်​စေ့ ဖူး​ရောင်​ဒဏ်​၊ ဝဲချို​စောင်း ဖူး​ရောင်​ဒဏ်​ရာ (မစိုးရိမ်​ရ)တို့ရရှိပြီး အ​ကြော်​တဲနှင့်​ အ​ကြော်​​ရောင်းသည့်​ ဒန်​အိုးဒန်​ခွက်​များ ပျက်​စီးခဲ့ပြီး အနီးတွင်​ရပ်​ထားသည့်​ ပလ​ကျေးရွာ​နေ ဦးသန်း​ဇော်​(၄၈)နှစ်​ ၊ (ဘ)ဦး​ငွေကြည်​၏ Dream -125(အပြာ​ရောင်​ )ဆိုင်​ကယ်​အား တက်​ကြိတ်​မိခဲ့ရာ ဆိုင်​ကယ်​​ကြေမွပျက်​စီးခဲ့​ကြောင်းသိရသည်​။


ဖြစ်​စဉ်​နှင့်​ပတ်​၍ယာဉ်​အားမဆင်​မခြင်​​မောင်းနှင်​သူ ဦးခင်​​မောင်​​ငွေအား အ​ရေးယူ​ပေးရန်​ (၁၈၄၅)အချိန်​ ဒုရဲအုပ်​​ ​ကျော်​မိုးလွင်​မှ တရားလျုပြုလုပ်​တိုင်​တန်း သဖြင့်​ ပု​လောမြို့မရဲစခန်း ယာဉ်​ (ပ )၂/၂၀၁၇၊ ရာဇသတ်​ကြီးပုဒ်​မ ၃၃၈အရ အမှုဖွင့်​လှစ်​ပြီး အမှုအား ဒုရဲအုပ်​​ ကျော်​မိုးလွင်​မှပင်​ စစ်​​ဆေး​ဆောင်​ရွက်​လျက်​ရှိ​ကြောင်း သိရှိရသည်​။

မြိတ်​ခရိုင်​သတင်းနှင့်​မှုခင်းမီဒီယာ
ဆီ​ဘောက်​ဆာယာဉ်​ အ​ကြော်​တဲအား ဝင်​​ရောက်​တိုက်​မိ  ဆီ​ဘောက်​ဆာယာဉ်​ အ​ကြော်​တဲအား ဝင်​​ရောက်​တိုက်​မိ Reviewed by THITHTOOLWIN on 09:50 Rating: 5
Powered by Blogger.