ဒေါ်အောင်ဆန်းစုကြည် ပခုက္ကူမြို့နယ် ကြီးရွာတွင် ရွာလူထုနှင့်တွေ့ဆုံ


ပခုက္ကူမြို့နယ် ကြီးရွာတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဇန်နဝါရီ ၂၅ ရက် နံနက်ပိုင်းက ကျေးရွာလူထုနင့်နေ့ဆုံပြီး ဟောပြောပွဲပြုလုပ်ခဲ့သည်။ Path Myanmar မှ ရက် ၁၀၀၀ စီမံချက်အဖြစ်ဆောင်ရွက်နေသည့် မိခင်နင့်ကလေးသူငယ်စောင့်ရှောက်ရေးနင့်ပတ်သက်ပြီး ဒေသခံများပါဝင်ကြဖို့ လမ်းညွှန်မှာကြားကာ ကျေးရွာနေအိမ် ၅ ခုမှ ကိုယ်ဝန်ဆောင်မိခင်များအား သွားရောက်ကြည့်ရှုအားပေးခဲ့သည်။

"ကလေးတယောက်ရဲ့ တသက်တာ ဖွံ့ဖြိုးမှုတိုးတက်လာအောင် ရက် ၁၀၀၀ စီမံကိန်းအဖြစ် အဟာရ ပြည့်ဝရေးလုပ်တယ်။ ရက်တထောင်ဆိုတာက ကလေးသူငယ်က မိခင်ရဲ့ဝမ်းထဲမှာ သန္ဓေတည်ချိန်ကစပြီး ၂ နှစ်ထိကာလမှာ ကလေးရဲ့ ဦးနှောက်နဲ့ ရုပ်ပိုင်းဆိုင်ရာဖွံ့ဖြိုးရေးမှာ အရေးကြီးဆုံးကာလဖြစ်တယ်”ဟု ဒေါ်အောင်ဆန်းစုကြည်က လူထုဟောပြောပွဲတွင် ပြောကြားသည်။

ပခုက္ကူ၊ ရေစကြို နှင့် မလှိုင်မြို့နယ်များတွင် မိခင်ပေါင်း ၁၂၀၀၀ ကျော်နှင့် ကလေးသူငယ်များကို ရက်တထောင်စီမံချက်ဖြင့် အဟာရပြည့်ဝရေးအတွက် ဆောင်ရွက်လျက်ရှိပြီး အဓိက လိုအပ်ချက်များရှိနေကြာင်း၊ ၄င်း အချက်များတွင် မိသားစုဝင်ငွေနည်းပါးမှု၊ ရေနှင့် ပတ်ဝန်းကျင်သန့်ရှင်းမှုလိုအပ်ချက်များကို တွေ့ရှိကြောင်း သိရသည်။

ခိုင်ဆက်ဝေ
News Watch
https://www.facebook.com/NewsWatchJournal/
ဒေါ်အောင်ဆန်းစုကြည် ပခုက္ကူမြို့နယ် ကြီးရွာတွင် ရွာလူထုနှင့်တွေ့ဆုံ  ဒေါ်အောင်ဆန်းစုကြည် ပခုက္ကူမြို့နယ် ကြီးရွာတွင် ရွာလူထုနှင့်တွေ့ဆုံ Reviewed by THITHTOOLWIN on 15:42 Rating: 5
Powered by Blogger.